Thursday, June 19, 2008

ကိုယ့်ကိုယ်ကိုယ် အားပေးခြင်း

ငါဟာ စိတ်ဓာတ်ပျော့ညံ့တဲ့ လူတစ်ယောက် မဖြစ်ရဘူး။ ငါဟာ အတ္တကြီးသူ တစ်ယောက်၊ ကိုယ်ကျိုးကိုပဲ ကြည့်တတ်တဲ့လူ၊ တစ်ကိုယ်ကောင်းဆန်တဲ့လူ မဖြစ်စေရဘူး...
ငါလိုလူတစ်ယောက်က မျက်ရည်ကျတာကို ဘယ်သူက သနားပေးမှာလဲ....
ငါ့ရဲ့ ဘ၀အတွက် ငါကိုယ်တိုက် ၀မ်းနည်းစွာ ငိုကြွေးနေတယ်..
လောကဓံရဲ့ မညှာမတာ နှိပ်စက်မှုကို အရွယ်နဲ့ မမျှအောင် အလူးအလဲခံခဲ့ ရတယ်..
ငါငိုလို့ မဖြစ်ဘူး။ ငါငိုလို့လဲ ဘယ်သူကမှ သနားနေမှာ မဟုတ်ဘူး .. စိတ်ဓာတ်ပျော့ညံ့တဲ့လူကို “ကိုကို” မကြိုက်ဘူး .. ပြောမယ့်သာ ပြောရတာပါ.. အချို့ကျတော့လဲ ငိုရင် သနားပေးမယ့် “လူတွေ” ရှိတယ်။ ငါငိုရင်တော့ ဘယ်သူကမှ.......
ငါဟာ စိတ်ဓာတ်ခိုင်မာတဲ့ လူတစ်ယောက် ဖြစ်နေရမယ်။ ငါဟာ အရင် ကတည်းက စိတ်ဓာတ် တည်ကြည်ခိုင်မာ ရင့်ကျက်ခဲ့တာပဲ။ အခုမှ ဘာဖြစ်လို့ ၀န်းနည်းနေရမှာလဲ။ ငါ့ကို အားပေးမယ့်လူဟာ “ငါ”တစ်ယောက်ပဲ ရှိတယ်။ ငါဟာ လောကဓံ ရှစ်ပါးထဲက အားလုံးနီးပါးကိုလဲ ခံစားခဲ့ရပြီးပြီ။ ဘာကိုများ တုန်လှုပ်နေရဦးမှာလဲ။ ဒါပေမယ့် မရင်ကျက်တဲ့ စိတ်နဲ့ တုန်လှုပ်ခဲ့ဖူးတယ်။
“လာဘ” ငွေတွေ လက်ထဲမှာ သုံးမကုန်အောင် မျာြး့ပီး ပျော်ရတဲ့ သုခ လောကဓံကိုတော့ တစ်ခါမှ တော့ မရခဲ့သေးဘူး။ “အလာဘ” တစ်နေကုန် တစ်လလုံးနေလို့မှ ပိုက်ဆံ တစ်ပြားမှ မရှိလို့ စိတ်ညစ်ရတဲ့ အခါတွေလဲ များပြီ။
“ယေဿာ” အခြွေ အရံများခြင်း တဲ့ ။ ရှိခဲ့ပါတယ်။
“အယေဿာ” အခု ဒုက္ခေ၇ာက်နေတော့ေ၇ာ..... ဒီအချိန် ငါ့ဘေးမှာ တစ်ယောက်မှ မရှိကြဘူး.. အားပေးမယ့်လူလဲမရှိ။ နှစ်သိမ့်မယ့် လူလဲ မရှိ နတ္တိ။ ဟားဟား.... လောကကြီးက ရယ်ချင်စရာကောင်းလိုက်တာ။ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ဘာနဲ့ ခွဲသလဲ။ ငါအရမ်းသိချင်တယ်။ ဟန်းဖုန်းကိုင်နိုင်ရင် အဆင့်အတန်းရှိရောလား..
အ၀တ်အစားကောင်းဝတ်နိုင်ရင် အဆင့်အတန်းရှိရောလား... ဖိနပ်ကောင်းစီးနိုင်ရင် အဆင့်အတန်းတွေ မြင့်သွားသတဲ့လား.... ဆံပင်ပုံစံလှရင် အဆင့်အတန်းတက်လာသလား... စကားအပြောအဆို.... အမူအရာ..... နေပုံထိုင်ပုံ.. ဘာတွေလဲ ... ဘာတွေလဲ... ပိုက်ဆံချမ်းသာတာနဲ့ပဲ အဆင့်အတန်းရှိသွားရောလား... ငါကတော့ စိတ်ဓာတ်ကသာ အရေးအကြီးဆုံးလို့ ထင်တာပဲ။ ဒါဆိုရင်.. ငါကရော............. ငါ့စိတ်ဓာတ်ကရော..... ....... ဘာဖြစ်နေလို့လဲ .. မည်းညစ်နေလို့လား.။ ဟင်း.. ဟင်း... ဟုတ်မှာပါ.... ဟုတ်မှာပါ....
ငါ့စိတ်ဓာတ်က မည်းညစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတာ့ ငါဟာ အာသဝေါ ကုန်ခမ်းတဲ့ ရဟန္တာမှ မဟုတ်တာ။ ငါ့စိတ်မှာ ကိလေသာ မြုမျှင်တွေ ညစ်ထေးနေတယ်။ တဏှာ ရာဂ ကိလေသာတွေ ရှိတယ်။ ၀န်တို မစ္ဆရိယ စိတ်တွေ ရှိတယ်။ အဗျိစ္ဆာ ဗျာပါဒ တွေ ရှိမယ်။ သောက မာန်မာန လောဘ ဒေါသ မောဟ............. စတဲ့ မိစ္ဆာ ဒိဌိစိတ်တွေ တစ်ခုမကျန် အားလုံးရှိနေတယ်လေ..
ငါ့မှာ ကောင်းကွက်ကလေးတွေဆိုလို့ နေ့စဉ်မှန်မှန် ဘုရာရှိခိုးတာ ၊ နေ့တိုင်းပုတီးစိပ်တာ အမြဲ မေတ္တာပို့တာ ... ဒါလောက်လေးတွေပဲ ရှိမယ် ထင်တယ်။ ဒါနလား... အဟား... သူတောင်းစားတွေ ကိုယ့်ကို လာပြီး တောင်းရမ်းကြတယ် မလား။ ဘယ်တော့မှ များများစားစား မလှူဘူး။ ၅ ကျပ်တန် ၁၀ တန် ရှိရင် ပေးလိုက်တယ်။ မရှိဘူးဆိုရင်တော့ ဆောရီးပဲ။ ၅၀ ၊ ၁၀၀ လဲ မပေးနိုင်ဘူး။ မပေးနိုင်ဘူးဆိုတာက ပေးချင်စိတ် မရှိဘူး . သဒ္ဓါတရားမရှိဘူးလို့ ဆိုလိုတာပါ။ ဘုန်းကြီး သီလရှင်ဆိုရင်တော့ ၅၀၀၀ ၊ ၁၀၀၀၀ ဆိုရင်လည်း လှူဖြစ်ပါတယ်။ သီလ... စောင့်ဖြစ်ပါတယ်။ ငါးပါးသီလပေါ့။ တစ်ခါတစ်လေတော့ ဥပုသ်ကို မကျိုးမပေါက် မပြောက် မကျားအောင် စောင့်ဖြစ်တယ်။ ဘာဝနာ..... တစ်နှစ်တစ်ခါ သင်္ကြန်တွင်း တရားစခန်း ၀င်ဖြစ်တယ်။ သေချာ အားထုတ်ဖြစ်တယ်။ ကျန်တဲ့ အချိန်တွေတော့ တစ်နှစ်လုံး အားမထုတ်ဖြစ်ဘူး။
စကားလမ်းကြောင်းတောင် ချော်သွားပြီ။ ဟုတ်ပြီ။ လောကဓံ ရှစ်ပါး ။ “ချီးမွမ်းခံရခြင်း ” အင်း.... ခဏခဏ ချီးမွမ်း ခံခဲ့ရတာပေါ့။ ငယ်ငယ်တုန်းက စာတော်လို့  ချီးမွမ်း ခံရတာတွေ ရှိတယ်။ အခုတော့ ချီးမွမ်းမယ့်လူလဲမရှိ။ “ကဲ့ရဲ့ ခံရခြင်း”... ဟာ............ များတာပေါ့ တော့်တော့်ကို များတယ်။ “ကောင်လေးက ဟော့တယ်... ဆိုးတယ်... မိုက်တယ်. ရိုင်းတယ်... စာမေးပွဲကျထားတာ.... မအေကို ပြန်ပြောတယ်... လူကြီးတွေကို ပြန်ပြောတယ်... စကားနားမထောင်ဘူး... မလိမ္မာဘူး ..... ” အဲတာတွေက လူကြီးတွေရဲ့ ကဲ့ရဲ့ စကား။ “ ဆင်းရဲတယ်... ရုပ်ဆိုးတယ်.... အောက်တန်းစား... အဆင့်မရှိတဲ့ကောင်... ဖုန်းမကိုင်နိုင်ဘူး ... အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့... ” အဲတာတွေက လူငယ်တွေရဲ့ နှာခေါင်းရှုံသံ။
ဘာပဲဖြစ်ဖြစ် ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက် ဆိုတာ တော့ ရှိတာပဲလေ။ ဒါပေမယ့်. ဘ၀မှာ.. အဲ... ငါ့ အသက် အရွယ်လေးနဲ့တော့ “ဘ၀” ဆိုတဲ့ လေးနက်လွန်းတဲ့ စကားကြီးနဲ့ချီပြီး ပြောဖို့တော့ မသင့်ဘူးထင်တယ်။ ပြေဖို့မသင့်လဲ ပြောရမှာပဲလေ.. ကဲ့ရဲ့ ၇ ရက်ကို ခံနိုင်ရည် မရှိမှာလဲ ကြောက်မိတယ်။ မင်္ဂလာတရားတော်ထဲကလို “စိတ္တံ ယဿ နကမ္ပတိ” ဆိုရင်တော့ ကောင်းတာပေါ့။ အဲဒီဂါထာလေး ဟာလည်း ငါ့စိတ်ဓာတ်ကျတိုင်း အမြဲ ရွတ်ဆိုမိတဲ့ ဂါထာပဲပေါ့။ ငါ့ အသက်ဟာ အခုမှ ၂၀ ပဲ ရှိသေးတယ်။ ရှေ့ဆက် လူလုပ်ဖို့ အများကြီး ကျန်သေးတယ်။ ဒီ့ထက်မက စိတ်ညစ်စရာတွေလည်း တပြုံတခေါင်းကြီး လာချင်လာလိမ့်မယ်။ ဟောဒီ “ ဘာမဟုတ်တဲ့ ကိစ္စ” တွေ အတွက်နဲ့ စိတ်မညစ် နဲ့ ။ ၀မ်းမနည်းနဲ့။ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် စိတ်မပျော့နဲ့ ။ အရှုံးမပေးနဲ့ ။
“ဘာမဟုတ်တဲ့ ကိစ္စတွေ ” ဆိုတာက...
၁။ ဆိုင်ကယ်ပျက်သွားတယ်။ ပြင်စရာပိုက်ဆံ မရှိလို့ အိမ်ကို တွန်းပြန်ရတယ်။ ၃ မိုင်ခရီး ။ နေခြစ်ခြစ်တောက်ပူတဲ့ ခရီး ။
၂။ ပိုက်ဆံမရှိဘူး ။ အလုပ်မရသေးဘူး။ ဘာလို့ မရသေးတာလဲ။ မနှစ်က စာမေးပွဲ ကျခဲ့လို့။ ဘာလို့ ကျသလဲ။ ငါမကြိုးစားလို့။ ငါညံ့လို့။ ဒါပေမယ့် ငါကိုယ်ငါ ဘယ်တော့မှ အပြစ်မတင်ဘူး....။ အပြစ်ကိုတော့ ၀န်ခံမယ်။
၃။ အဖေက ပစ်သွားတယ်။ မိသားစု တပြိုတကွဲ ဖြစ်သွားတယ်။ ငါ၊ အမေ၊ ညီမလေး။ ဒီသုံးယောက်ဟာ မိသားစုပဲ။ ငါတို့တွေ ဘ၀ကို ရုန်းကန်ကြတယ်။ လောကဓံ မုန်တိုင်းအောက်မှာ အလူးအလဲ မရှုမလှနဲ့ ခံရပေမယ့် အလျှော့မပေး၊ အရှူံးမပေးဘဲ ဆက်လျှောက်ကြမယ်....
၎။ စာမေးပွဲကျခဲ့တယ်။ ဒါဘယ်သူ့အမှားမှ မဟုတ်ဘူး ။ ဘယ်သူ့ကို မှ အပြစ်တင်လို့ မရဘူး ။ ငါကိုယ်တိုင် လုပ်ခဲ့မိတာပဲ။ ငါစကားတစ်ခု မှတ်ထားဖူးတယ်။
“မရင့်ကျက်တဲ့ လူတစ်ယောက်ဟာ အမှားတစ်ခုကို တစ်ယောက်ယောက်ပေါ်မှာ အပြစ်ပုံချတတ်တယ်။
နည်းနည်း ရင့်ကျက်တဲ့လူဟာ အမှားတစ်ခုကို ကိုယ့ိကိုယ်ကိုယ်ပဲ အပြစ်တင်တယ်။
ရင့်ကျက်တဲ့ လူကတာ့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူး။ ကံ၊ ကံ၏ အကျိုးလို့ပဲ နားလည် ယူဆတော့တယ်” တဲ့
ငါလည်း ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး ။ “ကံ”ပါလာလို့ ။ အတိတ်ဘ၀က “ကံ”ပါလာလို့ ဆိုတာကိုပဲ ဗုဒ္ဓဘာသာဝင်ပီပီ လက်ခံယုံကြည်တယ်။ ဒါပေမယ့် ဒီလိုပြောလိုက်လို့ ငါ့ကို ရင့်ကျက်တဲ့ လူလို့ ထင်နေဦးမယ်။ တကယ်တော့ ငါဟာ မရင့်ကျက်တဲ့လူပါပဲ။ ငါတစ်ယောက်တည်း မဟုတ်ပါဘူး ။ အရိယာ မဖြစ်သေးသမျှ ရဟန္တာ မဖြစ်သေးမမျှတော့ ပုထုဇဉ် မှန်သမျှ လူသားအားလုံးဟာ မရင့်ကျက်သူတွေချည်းပါပဲ။
၅။ ငါချစ်တဲ့လူက ငါ့ကို ပြန်မချစ်နိုင်ဘူး။ အထင်သေးတယ်။ ဒါလဲ ကိစ္စ မရှိပါဘူး။ ငါ့မှာ သူအထင်ကြီးစရာ တစ်ကွက်မျှမှ မရှိတာ။ “ကိုယ်ချစ်” ဆိုတာ စိတ်ဆင်းရဲရတယ်။ “သူချစ်”ဆိုတာရလာတဲ့ အထိ တသက်လုံးပဲ စောင့်ရ စောင့်ရ စောင့်တော့မယ်။ “အချစ်”ဆိုတာကို ငါ့ရင်ထဲကနေ ထုတ်ထားလိုက်ပြီ။ အချစ်နဲ့ အတူ “အမုန်း” ဆိုတာတွေလဲ ပါသွားပြီ။ အခု ငါ့ရင်ထဲမှာ ရှိနေမှာတွေက “ ကရုဏာ ၊ မေတ္တာ ၊ သစ္စာ ၊ ပညာ၊ မုဒိတာ၊ သဒ္ဓါ ” တွေပဲ ...
၆။ ဒီလို နံပါတ်စဉ်တပ်ပြီး ချရေး။ ပြီးတော့ တစ်ခုချင်းစီအတွက် အဖြေကို ရှာလိုက်တော့လဲ ရင်ထဲမှာ အေးလာတာပဲ။ တကယ့်ကို .. “ ဘာမှ ......... မဟုတ်ပါလား.... ဘာမဟုတ်တဲ့ ကိစ္စလေးတွေပါလား ... ” လို့ မြင်လာတယ်။
အဖေက မယားငယ်ယူပြီး မိသားစုကို ပစ်သွားလို့ ဆင်းရဲ မွဲတေနေရတာလဲ ၀မ်းနည်းစရာမဟုတ်ဘူး။
ပိုက်ဆံမရှိတာ
အလုပ်မရှိတာ
စာမေးပွဲကျခဲ့တာ..
ကူညီမယ့်လူ မရှိတာလဲ ၀မ်းနည်းစရာမဟုတ်ဘူး ... ငါ့ကိုယ်ငါ ကူညီနိုင်တယ်။
အချစ်မရတာလဲ ပြဿနာမရှိဘူး ... သူ့ကိုယ်က ရွှေထွက်မနေဘူး ..
အဲဒီလိုတွေ ရေးလိုက်တောလဲ ဝေယံ့ကို သိပ်ပြီး စားမာန်တက်နေတယ်လို့ ထင်ကြဦးမယ်။ သနားစရာ တစ်ကွက် မှ မရှိဘူးလို့လဲ ထင်ကြဦးမယ်။ ထင်ရင်လဲ မတတ်နိုင်တော့ဘူး။ ဘယ်သူ့ သနားတာကိုမှလဲ မခံချင်တော့ဘူး။ ငါ့စိတ်ထဲမှာ ရှိတဲ့ အတိုင်း ငါရေးခဲ့တဲ့ စာတွေပဲ.... ကျုံးဘေးမှာ ထိုင်ပြီး ရေးခဲ့တယ်။ ရေးနေရင် မျက်ရည်ကျမိတာ ရှိသလို မဲ့ပြုံးပြုံး ခဲ့တာလဲ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး ဟက်ဟက် ပက် ပက် ရယ်နိုင်အောင်လဲ ကြိုးစားခဲ့တယ်.......
ငါဟာ.......................