Monday, July 21, 2008

mm e book

http://www.thitsarforce.org/library/library.html

http://www.cherrythitsar.org

http://linhtet.com/

http://www.myanmarnetworknews.com/

http://ebooks.mmblogs.net

http://www.mmopenlibrary.com

http://burmaboy.googlepages.com/nrefrmpmtkyfrsm%3B

http://www.esnips.com/profile/294e0de9-620f-4005-a48d-be84a952ca1a

Thursday, July 10, 2008

ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ

ပထမနေ့ ကန်တော့ခံ
ဝါခေါင်လဆန်း (၈)ရက်


ခုလို ပွဲတော်စချိန်ရောက်ပြီဆိုလို့ရှိရင် တောင်ပြုန်းလမ်းခွဲကလေး ပတ်ဝန်းကျင်ဟာ မှိုင်းဝေရီပြာလို့ လွမ်းစရာကောင်းနေတတ်တယ်။ မန္တလေး မတ္တရာသွား ကားလမ်းဘေးကနေ ခွဲထွက်နေတဲ့ တောင်ပြုန်းလမ်းခွဲကလေးပေါ်မှာ ရောင်စုံကားတန်းကြီး ရှည်လျားစ ပြုပြီ။
လူရောင်စုံတွေနှင့်လည်း စည်ကားစပြုပြီ။
လမ်းခွဲကလေးပေါ်မှာ တိုက်ခတ်နေတဲ့ ၀ါဆို ၀ါခေါင်လေကလည်း ရမ်းကားမြူးကြွလှတယ်။
ရေတိုးစေတဲ့ ၀ါဆိုဝါခေါင် လေရမ်းကားကြောင့် လမ်းခွဲကလေးဘေးက တူးမြောင်းတစ်လျှောက်မှာ ညိုဝါရောင်ရေတွေ ပြည့်လျှံစီးဆင်းနေတယ်။ ရေရိပ်မိုးရိပ် ပွဲတော်ရိပ်ဟာ လမ်းခွဲလေးပေါ်ကလူတွေရဲ့ စိတ်ကို လှုပ်ရှားစေတယ်။ မြူးကြွစေတယ်။ လွတ်လပ်ပေါ့ပါးစေတယ်။
ခရီးသည်တင်း ဘတ်စ်ကားခေါင်မိုးပေါ်က လူငယ်တစ်ချို့ရဲ့ မြူးတူးအော်ဟစ်သံတွေကို ကြားရသလို ကျပ်ညပ် ပြည့်သိပ်နေတဲ့ ဘတ်စ်ကားအတွင်းထဲက မိန်းမကြီးငယ်တို့ရဲ့ အားကိုးတကြီး တီးတိုးတိုင်တည် ဆုတောင်းသံတွေကိုလည်း ကြားရတယ်။
ကိုယ်ပိုင်ကားငယ်လေးတွေထဲမှာ သက်တောင့်သက်သာ ထိုင်လိုက်လာရတဲ့ မိန်းမကြီးငယ်တွေကတော့ လက်အုပ်ကလေးကိုတောင် ချီပြီး ရော်ရမ်းမှန်းဆ ရှိခိုးတိုင်တည်လို့။
လမ်းဘေးဝဲယာမှာတော့ ကားတန်းကြီးကို ကြိုဆိုနေသလို ကလေးလူတန်းရှည်ကြီး ရှိတယ်။
သူတို့ဟာ နေလောင်အသားအရေလေးတွေ ကိုယ်စီနဲ့။
မည်းညစ်ညစ် အ၀တ်အစားလေးတွေကို ကိုယ်စီ ၀တ်ဆင်လို့။
တူညီတဲ့ အသံစာစာလေးတွေနဲ့ အဆက်မပြတ် အော်ဟစ်နေကြတာက “ပိုက်ဆံကြဲပါဗျို့” တဲ့။
သူတို့မျက်နှာလေးတွေဟာ မျှော်လင့်ချက်တွေ အပြည့်နဲ့ ကားတန်းကြီးပေါ်က လူတွေကို ကြည့်နေကြတယ်။
ကားတန်းပေါ်က လွင့်ပျံကျလာမယ့် ပိုက်ဆံ စက္ကူလေးတွေကို အလစ်မပေးတဲ့ မျက်လုံးပြူးလေးတွေနဲ့ စောင့်မျှော်နေကြတယ်။ ကားတစ်စီးစီးပေါ်ကနေ ပိုက်ဆံစက္ကူလေးတွေ ၀ဲခနဲကျလာတာနဲ့ ၀ိုင်းအုံ လုယက်ကောက်ကြတော့တယ်။
အဲဒီအချိန်မှာတော့ ဖုန်လုံးတွေဟာ လမ်းခွဲကလေးကို ဖုံးလွှမ်းသွားတတ်ပြီး ကားဘရိတ်သံနဲ့ အထိတ်တလန့် အော်ဟစ်သံတွေလည်း ပေါ်လာတတ်သေးတယ်.။
ကြေမွနေတဲ့ ပိုက်ဆံစက္ကူရွက်ကို တင်းတင်းဆုပ်ရင်း ကားဘီး အောက်ရောက်ဖို့ သီသီကလေးလိုတော့တဲ့ ကလေးတချို့ကတော့ ဘာမှမဖြစ်သလို ရယ်ဖြဲဖြဲနဲ့။ ဒါပေမယ့် သူ့တစ်ကိုယ်လုံးမှာ ပွန်းပဲ့ရာတွေရှိတယ်။ မျက်လုံးလေးတွေကလည်း ကြောက်လန့်နေပါတယ်။
ကလေးတွေနဲ့ အတူတူ ရောနှောအော်ဟစ် ပိုက်ဆံတောင်းနေကြတဲ့ လူကြီးတစ်ချို့လဲ ရှိသေးတယ်။ အရက်မူးနေတဲ့ အမူးသမားတွေနဲ့ လမ်းခွဲလေးဘေး လယ်ကွင်းထဲက တက်လာကြတဲ့ မိန်းမတစ်စုပေါ့။
အမူးသမားတွေက ကားလမ်းလယ်မှာ လက်ညှိုးနှစ်ချောင်း တထောင်ထောင်နဲ့ မျက်လုံးမှိတ်ယိမ်းယိုင်ကရင်း ကားတွေကို တားသလို မိန်းမတစ်စုကလည်း သူတို့ တဘက်ကို ကြိုးလိုဆက်ပြီး ကားကိုတားတယ်။ ကားအရှိန်နှေးလိုက်တာနဲ့“ ပိုက်ဆံကြဲပါဗျို့”ကို ၀ိုင်းအော်ကြရင်း လက်ခုပ်သံ မြိုင်မြိုင်နဲ့ ကခုန်ကြတော့တယ်။
ကလေးလူတန်းရှည်ကြီးဟာ တောင်ပြုန်းလမ်းခွဲကလေးဆုံးတဲ့ အထိ မဆုံးနိုင်အောင် ရှိနေတုန်းပဲ။
လမ်းခွဲကလေးအဆုံးမှာ တောင်ပြုန်းရွာရှိတယ်။ ပွဲတော်ကွင်းကြီးရှိတယ်။
ဒါပေမယ့် ပွဲတော်လာသူတွေနဲ့ ပွဲတော်ဆိုင်တွေက တောင်ပြုန်းရွာကလေးကို ဖုံးအုပ်ပစ်လိုက်တယ်။ တောင်ပြုန်းရွာကလေးဟာ ပွဲတော်ကွင်းကြီး ဖြစ်သွားခဲ့ပြီ။


Tuesday, July 8, 2008

ပလန်းနက်ဖိုရမ်မှ ............

100.wiwi ရဲ့ movie များ Aug 27, 2007 10:45 AM
wiwi ရဲ့ တကယ်ခံစားချက် တွေပါ... wiwi ကပုံပြင်တစ်ပုဒ် ဇာတ်လမ်း တစ်ပုဒ် ကိုဖတ်ပြီ ကြည့်ပြီး ရင် အနည်းဆုံးတစ်ပါတ် လောက်တော့ခံစားကြေကွဲရတယ်.... Broke back mountain တုန်းကဆို ခံစားရလွန်းလို့ ညတိုင်းငိုရတယ် ပြီးတော့ wiwi မျက်နာကြီး တောင် ချောင်ကျသွားတယ်.... ဒါနဲ့ အမေ ကဇာတ်လမ်းတွေသိပ် မကြည့်ခိုင်တော့ဘူး ဒါပေမဲ့ ကြည့်တာဘဲ ခိုးပြီးတော.လေ... do not regret(korea), brotherhood, 200 poundlove ဒါတွေက လောလော ဆယ်ခံစားခဲ့ ရတဲ့ movie တွေပါ.......... ပြီတော့ another gay movie ဟာသကားက တော့ wiwi အကြိုက်ဆုံးပါဘဲ............... ဒီကသူငယ်ချင်းတွေကရော ဘယ်လိုလဲဟင်.............

ပလန်းနက်ဖိုရမ်မှ ............

95.ကျေးဇူးတင် ပါတယ်........ Aug 23, 2007 11:15 AM
wiwi ဒီ topic လေးတင်ထာရတဲ.ရည်ရွယ်ချက်လေးက wiwi ကို.ကိုယ်ကိုကြည့်ပြီး အားငယ်လာလို.ပါ။ wiwi က မိန်းမ တွေလိုဝတ် တဲ့လူမဟုတ်ဘူး မိန်းမအသံ တွေလိုလည်း မပြေားတတ်ဘူး ဒါပေမယ့် male တွေကိုဘဲ ဆွဲလမ်း တမ်းတပြီးချစ် တတ်သူပါ။ Men တွေက လည်း wiwi လိုလူတွေကို gay လို.မထင်ကြဘူး။ ဒါကြောင့် wiwi မှာတိတ်တိတ် ပုန်ဘဲ ချစ်နေရတယ် (ဆိုင်သူမသိတဲ့ အချစ်တွေလေ)။ ဒီအချစ်တွေက သူ.ကို မထိခိုက်ပေမဲ့ wiwi ဘက်မှာတော. နှလုံးသားကို machine gun နဲ့အပစ်ခံနေရသလို ပါပဲ တစ်နေ.ပြီးတစ်နေ. အပေါက်တွေကဘဲများလာတယ်။ သူသိအောင် လက်သည်းနီတွေဆိုးပြ တော.လည်း သူက မုန်းပြန်ရေား။ wiwi တစ်ကယ်စိတ်ညစ်ခဲ့ရပါတယ်။ အခုတော. wiwi အတွက် internet ဆိုတဲ.ဟာကြီးကကယ်ပေလို.ပေါ. ရင်တွေလည်းဖွင့်လို.ရတယ် ပြေားချင်တာတွေလည်းပြေားလို.ရတယ်..... တကယ်ကျေးဇူးတင်တယ်..... ဒီ topic ကြောင့်ရခဲ့တဲ့ စာနာမှုတွေ ဗဟုတုတတွေ က wiwi အတွက်တော့အားဆေး တစ်ခွက်ပါဘဲ။ Planet ကိုအထူးဘဲကျေးဇူးတင် ပါတယ်....... kalmond ကိုလည်းကျေးဇူးတင် ပါတယ်........

planet forum မှ

အခြောက်မည်သည်ကား အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသသူဖြစ်၍ အခြောက်မည်လေ၏။ (ဗရုဿုက္ခဘွဲ့ခံ ဆြာကြီးဦးရွှေမွန် ရေးသားစီရင်အပ်သော ပေါက်တတ်ကရဝေါဟာရကျမ်း)

အင်္ဂါခြောက်ပါးမည်သည်ကား..

(၁) နွဲ့ခြင်းလည်းတစ်ရပ်

(၂) ယောက်ျားချင်း နှစ်သက်သည်လည်းတစ်ရပ်

(၃) အလှအပကြိုက်သည်လည်းတစ်ရပ်

(၄) မိန်းမများကို လင်လုဖက်ဟု သဘောထားသည်လည်းတစ်ရပ်

(၅) အားငယ်တတ်သည်လည်းတစ်ရပ်

(၆) ခိုး၍စားတတ်သည်လည်းတစ်ရပ်..

ဤခြောက်ရပ်တို့တည်း။ ဤခြောက်ပါးသော အင်္ဂါတို့အနက် လိုရင်းပဓာနကား ဒုတိယအင်္ဂါနှင့် ဆဋ္ဌမအင်္ဂါတို့တည်း။ ဤအရာ၌ အချို့သော အခြောက်တို့သည် အလှအပ မကြိုက်ကြကုန်။ အချို့မူကား မိန်းမတို့နှင့် သင့်တင့်အောင် ပေါင်းသင်းဆက်ဆံလျက် ယောက်မတော်ရလေအောင် အားထုတ်ကြိုးပမ်းလေ့ ရှိကြကုန်၏။ အချို့မူကား ဒေါသကြီးကြကုန်၏။ မိမိထက် အားခွန်ဗလ သန်စွမ်းသည့် ယောက်ျားများကိုပင် မကြောက်မရွံ့ ယှဉ်ပြိုင်တိုက်ခိုက်ဝံ့ကြကုန်၏။ သို့ဖြစ်ရကား အခြောက်ဟူသမျှတို့ နွဲ့မည်၊ အားငယ်တတ်မည်ဟု မယူအပ်။ နေရာတိုင်းမှာပင် ခြွင်းချက်တို့ များစွာရှိကုန်၏။

အချို့သော အခြောက်တို့သည် ပထ၀ီဓာတ် လွန်ကဲသည်ဖြစ်၍ မာကျောခက်ထန်ခြင်းသဘော ရှိကြကုန်၏။ အချို့သော အခြောက်တို့ကား အာပေါဓာတ် လွန်ကဲသည်ဖြစ်၍ စေးထန်းချွဲပစ်သောသဘော ရှိကြကုန်၏။ အချို့သော အခြောက်တို့မူ ၀ါယောဓာတ် လွန်ကဲသည်ဖြစ်၍ အလွန်တရာ စကားများခြင်းသဘော ရှိကြကုန်၏။ အချို့အခြောက်တို့မှာမူ တေဇောဓာတ် အထူးလွန်ကဲသည်ဖြစ်၍ ပူပန်စိုးရိမ်မှု များခြင်းသဘော ရှိကြကုန်၏။

ဤအရာ၌ ထိုထိုအခြင်းအရာတို့ဖြင့် အခြောက်မျိုးစား ကွဲပြားပုံတို့ကို အဘယ်ကိုထောက်၍ သိအပ်သနည်းဟုမူ အဘိဓမ္မာဓာတ်ကျမ်းများကို မှီ၍သိအပ်ကုန်၏။ အကြင်အခြောက်တို့သည် ထိုထိုဓာတ်သဘာဝတို့ ကဲလွန်ကုန်၏၊ ထိုအခြောက်တို့သည် ၎င်းတို့အားပြုရာ ဓာတ်တို့၏သဘောအတိုင်းသာ ဖြစ်ကြကုန်၏။

အချို့အခြောက်တို့ကား နှစ်လုံးတစ်စုံတို့ ပါရှိကြကုန်၏။ ထိုသူတို့ကို ဥပါမျိုးဟု သတ်မှတ်ရကုန်၏။ အချို့သော အခြောက်တို့ကား ဥဟူ၍ အလျှဉ်းမပါရှိကြကုန်။ ထိုသူတို့ကိုကား ဥပျောက်မျိုးဟု သတ်မှတ်ရကုန်၏။ အချို့မူကား တစ်လုံးသာလျှင် ပါရှိကြကုန်၏။ ထိုသူတို့ကိုကား ဥတစ်ခြမ်းမျိုးဟု သတ်မှတ်ရကုန်၏။ ဤသို့လျှင် ပုရိသဘောကို ကြည့်၍လည်း အခြောက်တို့ကို ခွဲခြားမှတ်သားအပ်ကုန်၏။

(ဆြာကြီးဦးရွှေမွန် ရေးသားစီရင်အပ်သော ပြည်ကြီးဥပြောင်ကျမ်း)heeheehee

ပလန်းနက်ဖိုရမ်မှ ............

I'm the new generation liberal idealist Aug 19, 2007 6:28 PM
ကျုပ်က ဆရာဝန်ပါဗျ။ ပြီးတော့ ၁၉၈၃ မှာမွေးပြီး ၂၀၀၀ ပြည့်နှစ် ဆယ်တန်းအောင်တဲ့ ၂၁ ရာစုရဲ့ ပထမဆုံး လူငယ်မျိုးဆက်အုပ်စုဝင်ပါ။ ၁၉၈၀ ကျော်ကာလကတည်းက homosexuality ကို ရောဂါအဖြစ် သတ်မှတ်ထားခြင်းကနေ နိုင်ငံတကာစိတ်ပညာရှင်တွေရဲ့ အစည်းအဝေးက တရားဝင် ပယ်ဖျက်လိုက်ကြောင်း ဒီဖိုရမ်မတိုင်ခင် ပျက်သွားတဲ့ဖိုရမ်မှာ ကျုပ်ကပထမဆုံး တင်ပြခဲ့တာပါ။ ဘာကြီးပဲဖြစ်နေနေ လူဟာလူပဲဆိုတဲ့ liberal idea ကိုလည်း ဒီဖိုရမ်မှာ ကျုပ်အပါအ၀င် ဖိုရမ်မာသုံးယေက်က စတင်ခဲ့ကြပါတယ်။ ဒါတွေဘာကြောင့် ပြောရသလဲဆိုတော့ တော့ပစ်ရှင်က တကယ်ပဲ ဂေးဖြစ်နေခဲ့ရင် ကျုပ်တို့ကို conservative homophobic တွေလို့ အောက်မေ့နေမှာ စိုးလို့ပါ။ ဘာပဲဖြစ်ဖြစ် ဂေးမို့လို့ ရှုတ်ချမယ့်၊ အထင်အမြင်သေးစွာ ဆက်ဆံမယ့်အထဲမှာ ကျုပ်ကတော့ မပါဘူးဗျို့။ မေးစရာရှိ ပွင့်ပွင့်လင်းလင်း မေးနိုင်ပါတယ်။