Sunday, May 11, 2008

ကို..........

ကို ပစ်ချလွှင့်ပစ်ပြီး လှည့်မကြည့်ခဲ့တဲ့ ဘ၀ တစ်ခုမှာ အသားကျနေထိုင်မှုနဲ့ လွမ်းစိတ်ကို ကြိတ်မှိတ်မျိုသိပ်ပြီး အပူရုပ်ကို ဟန်လုပ်ခဲ့ရတာလည်း ၇ လ ရှိပြီနော်...။ နွေလေရူးက သယ်သွားတဲ့ ညီ့ရဲ့ အတွေးထဲမှာလည်း အဟောင်းတွေက အသစ်အသစ်တွေ ဖြစ်လာတယ်ကို.... ညီ့ဘ၀မှာ ရှေ့ဆောင်လမ်းပြ မီးရှူးတန်ဆောင် ဖြစ်တဲ့ ခေါင်းဆောင်ဆိုရင်လည်းဟုတ် လက်တွဲဖော်ဆိုရင်လည်း ဟုတ်တဲ့ ကျေးဇူးရှင် ကို့ကို ပြစ်မှားမိခဲ့တဲ့ ညီအပြစ်တွေအတွက်လည်း ယူကြုံးမရ နောင်တရမိပါတယ် ကိုရယ်.... ဘယ်ခရီးကို ဘယ်ထီး နဲ့သွားရမယ် ဘယ်လမ်းမှာ ဘယ်ပန်းပန်ရမယ် ဆိုတာတွေ သွန်သင်ပေးခဲ့တဲ့ ကို့ရဲ့ ဆုံးမစကားတွေ..ညီ တစ်ခုခု အပြစ်ပြုမိတိုင်း ဆူငေါက်တတ်တဲ့ ကို့ရဲ့ ကရုဏာဒေါသတွေ အမြဲ ပြုံးနေတတ်တဲ့ ကို့ရဲ့ အပြစ်ကင်းတဲ့ မျက်နှာ ...အဲတာတွေကို ညီ စက္ကန့် မလပ် သတိရနေပါတယ်... ကို ညီ့ကို ပစ်သွားခဲ့တဲ့ ရက်ရဲ့ နောက်တစ်ရက်မှာ ညီ အသည်းအသန်ဖျားခဲ့တယ်... သတိလစ်နေတဲ့ ညီ့ရဲ့ ပါးစပ်က ကယောင်ကတမ်း တမ်းတမိခဲ့တဲ့ အသံကတော့ ကို့ရဲ့ နာမည်ပါပဲ။... ညီ စိတ်ကို တင်းခဲ့ပါတယ်.... လွမ်းစရာရှိတာကို နာစရာနဲ့ ဖြေမယ်ဆိုပြီး ကို ဆိုးပေးခဲ့တဲ့ ဆံပင် အရောင်ကို ညီ ပြောင်းခဲ့တယ်... ဒါပေမယ့် ဒါဟာ စိတ်ကို လှည့်စားတာ။ ညီ့စိတ်ကို ညီ ညာနေခဲ့တာပါ... မနက်မိုးလင်းလို့ မှန်ကြည့်လိုက်တိုင်း ...ကို ကိုက်ခဲ့တဲ့ ညီ့ နှုတ်ခမ်တွေကို စမ်းမိတိုင်း ညီ မျက်ရည်ကျမိခဲ့တယ်... အသည်းကွဲတဲ့ ရောဂါကို ကုစားပေးနိုင်တဲ့ အကောင်းဆုံးသမားတော်ဟာ `အချိန်´ တဲ့....ညီ့အတွက်တော့ `နေမြင့်လေ အရူးရင့်လေ´ ပါပဲ။ ကိုရယ်....ညီ အနူး အညွတ် တောင်းပန်ပါတယ်. .. ညီ့ ရဲ့ ဘ၀ထဲကို ပြန်ဝင်လာခဲ့ပါတော့နော်......
ကိုနဲ့ ညီ့ရဲ့ ကြားမှာ အဓိက လိုအပ်နေတဲ့ အရာက..`နားလည်မှု´ပဲ။ ဟုတ်တယ်။ ကို့အပေါ်မှာ နားလည်မှု အပြည့်အ၀ ပေးနိုင်မယ့် လူ...လိုက်ရှာရအောင် ...သူဘယ်သူလဲ....ဘယ်သူဖြစ်မလဲ....`ညီ´ပဲပေါ့။ အရာရာကို ကို့စိတ်တိုင်းကျ ဖြစ်ဖို့ပဲ ညီလိုလားတယ်။ ကို စိတ်ကျေနပ်သလိုသာ လုပ်ပါ။ ညီနားလည်ပါ့မယ်။ ကို ညီ့ဆီကို ပြန်လာသည် ဖြစ်စေ ... ပြန်မလာတော့ ဘူးဖြစ်စေ... ကို တစ်ခုကိုတော့ သိပေးပါ။ အဲတာကတော့ ညီ့ရင်ထဲမှာ `ကို´ အမြဲတမ်း ရှိနေမယ် ဆိုတာကိုပေါ့......

အရှိတရားကို ငြင်းဆန် သဘာဝကို အာခံကြသူများ

မတ်လ ၂၀ ရက်နေ့တွင် ထုတ်ဝေခဲ့သော ရန်ကုန်တိုင်းမ် ဂျာနယ်ပါ ``အရှိတရားကို ငြင်းဆန် သဘာဝကို အာခံကြသူများ´´ ကို မှီငြမ်း၍ ရေးသားချက်
yam yam : သူငယ်ချင်း နင်ဖတ်ပြီးပြီလား
violet : ဘာကိုလဲ
yam yam ဒီအပတ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်ကိုလေ
violet နေပါဦး နင်က ဂျာနယ်ကြော်ငြာနေတာလား
yam yam ဟဲ့ မဟုတ်ဘူးဟဲ့ အဲဒီထဲက အကြောင်းအရာကို ပြောတာ ငါတော့ အရမ်း စိတ်မကောင်း ဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် သိမ်ငယ်သွားသလို ခံစားရတယ်။ သူငယ်ချင်းရယ်...
violet ဘာတွေမို့လို့လဲ
yam yam အရှိတရားကို ငြင်းဆန် သဘာဝကို အာခံကြသူများ ဆိုတဲ့ အကြောင်းလေ
violet အင်းလေ အဲတာ ဘာဖြစ်လို့လဲ
yam yam အဲဒီအထဲမှာ နင်တို့ gayတွေအကြောင်း ရေးထားတာ
violet အေး...ဘာတွေရေးထားလို့ ဘာအကြောင်းတွေမို့ အဲလောက်တောင် ဖြစ်နေရတာလဲ
yam yam ဟဲ့ နေဦး နေဦး ငါ ဂျာနယ်ယူပြမယ် နင့်ဟာနဲ့နင် ဖတ်ကြည့်လိုက်
............... ...................... .................. ........................
............... ...................... .................. ........................
............... ...................... .................. ........................
violet ဟာ.... အဲလောက်ကြီးထိတော့ မရေးသင့်ဘူးလို့ ထင်ပါတယ်။ ငါတို့ gay တွေက လူ့ဘောင်လောကမှာ နိမ့်ကျတဲ့ အသိုင်းအ၀ိုင်းတစ်ခု ဖြစ်ပေမယ့် အဲဒီလောက်ထိတော့ အောက်တန်းမကျ နိုင်ပါဘူး။ ဘယ်သူကရော ဒီလို ဘ၀မျိုးကြီးကို တပ်တပ်မက်မက် လိုချင်နေကြမှာလဲ။ ဘ၀ပေးကုသိုလ်ကံ မကောင်းလို့သာ လူတိုင်းရဲ့ လက်ညှိုးထိုး ပြောဆိုခံ ဘ၀ကို ရောက်နေကြတာပေါ့။ ငါတို့တွေ ငယ်ငယ်တုန်းက ကျောင်းမှာ ဆရာမတွေ ပြောခဲ့ကြတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒီစကားက အခု အချိန်ထိ ငါ့ အသည်းထဲမှာ စွဲနေတုန်းပဲ။
အခြောက်ဆိုတာ အရင်ဘ၀က သူများသားမယားကို ပြစ်မှားစော်ကားခဲ့လို့ အခုဘ၀မှာ အခြောက် ဖြစ်နေတာတဲ့
အဲဒီတုန်းကတော့ လူပုံအလယ်မှာ အရှက်ရခဲ့တာပဲ ရှိတယ်။ ကလေးဆိုတော့ ဘာမှလဲ မစဉ်းစားတတ်သေးဘူးပေါ့။ အခုမှ ပြန်စဉ်းစားကြည့်လိုက်တော့ အရင်ဘ၀ဆိုတာ ကိုယ်မှ မသိခဲ့တာ။ အခုဘ၀သာ ကိုယ်နဲ့သက်ဆိုင်တာ။ အခု ကိုယ်နဲ့သက်ဆိုင်တဲ့ဘ၀မှာ ကိုယ့်ဟာနဲ့ကိုယ် ကောင်းအောင် ကြိုးစားနေထိုင်ရင် ရတာပဲမဟုတ်ဘူးလား။ ငါဥပမာပြောပြမယ်။ အခုဘ၀မှာ အရမ်းချမ်းသာ အောင်မြင်ကျော်ကြားနေတဲ့ လူတစ်ယောက်ဟာလဲ အရင်ဘ၀တုန်းကူများ အကြွင်း အကျန်စား သူများပေးတာယူ လမ်းပေါ်အိပ် လမ်းပေါ်နေ လူအများ ရွံရှာ ကြတဲ့ အနူ အ၀ဲ သူဖုန်းစား တစ်ယောက် မဖြစ်နိုင်ခဲ့ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ခုချိန်မှာ သူ့ကိုသွားပြီး မင်း အရင်ဘ၀က ဒီလိုမျိုးပါလို့ သွား ပြီးပြောခဲ့ရင်ကော.....ဘယ်သူက လက်ခံမှာလဲ..မဟုတ်ဘူးလား
ဂျာနယ်ထဲမှာ မြန်မာ အမျိုးသား အမျိုးသမီး လူငယ်လေးများအတွက် လိင်စိတ်ပြောင်းလဲ မှုများကြောင့် လမ်းမှားရောက် မပျက်စီးကြစေရန် လမ်းညွှန်ပြသထားပုံမှာ အရမ်းကို တန်ဖိုးရှိလှပါတယ်။ အဲဒီလို အချက်အလက်တွေကိုလည်း ကျွန်တော်တို့ လူငယ်တွေ ဖတ်ရှုဖို့လည်း လိုအပ်လှပ်ါတယ်။ ကျွန်တော်တို့သာ ဒီဘ၀ကို ရောက်နေကြရပေမယ့် တက်သစ်စ လူငယ်လေးများကိုတော့ လူတိုင်းပြောဆို နှိမ့်ချခံရတဲ့ ဒီလို ဘ၀မျိုးကို မရောက်စေချင်တာ စေတနာ အမှန်ပါ။
စာရေးဆရာမ ဒေါက်တာ မြနှောင်းညိုက သုံးသပ်ရာ၌
ယောက်ျားလေးတစ်ဦးဟာ မိသားစုထဲမှာ အစ်မတွေ အမေတွေကြားထဲမှာ ကြီးပြင်းလာမယ်။ ပြီးတော့ သူ့ကို သနပ်ခါးလိမ်းပေးမယ်။ ပန်းပန်ပေးမယ်ပေါ့။ အဲဒီကနေ အသက်အရွယ်ကြီးလာတဲ့ အခါ အမျိုးသမီးဆိုတဲ့ အပြုအမူတွေပါလာမယ်ဆိုရင် ဒါဟာ ပတ်ဝန်းကျင်စေ့စော်မှုလို့ ပြောလို့ရတယ်။ သွေးဗီဇကြောင့် ဖြစ်တယ်ဆိုရင်တော့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ပတ်ဝန်းကျင်စေ့စော်မှုကြောင့် ဖြစ်တယ်ဆိုရင် ရာနှုန်းပြည့် ပြောင်းလဲလို့ ရနိုင်ပါတယ်။
violet ကျွန်တော်တို့ သိရှိခဲ့တာကတော့ ပတ်ဝန်းကျင်စေ့စော်မှုကြောင့် လိင်စိတ်ပြောင်းလဲကြသူများကို ပြုပြင်ပြောင်းလဲရာတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာကိုသာ ပြောင်းလဲနိုင်ပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာမှာတော့ မပြောင်းလဲနိုင်ပါဘူး။ ဥပမာ ပြောရမယ်ဆိုရင် သူဟာ ယောက်ျားလေးလို ၀တ်ဆင်နေထိုင်လာမယ်။ အားကစားလိုက်စားလာမယ်။ ယောက်ျားဆန်တဲ့ အပြုအမူတွေ ကျင့်သုံးလာမယ်။ ဆန့်ကျင်ဘက်လိင်အပေါ်မှာ စိတ်ဝင်စားယောင်ပြမယ်။ မိန်းကလေးရည်းစားထားမယ်။ ဒါပေမယ့် သူတကယ်တမ်း စိတ်ဝင်စား ရင်ခုန်တာ မိန်းမတွေကို မဟုတ်ပါဘူး။
ထပ်မံ၍ ဒေါက်တာ မြနှောင်းညိုက
မြန်မာနိုင်ငံမှာ ယောက်ျားဆိုတာ မြင့်မြတ်တယ်လို့ယူဆတယ်။ ရိုးရာ ယဉ်ကျေးမှုအရပေါ့ ။ ယောက်ျားဘ၀က မြင့်မြတ်တယ်။ မြင့်မြတ်တဲ့ ရဟန်းဘ၀ကို ရတယ်ဆိုတာဟာ ဗုဒ္ဓဘာသာအားဖြင့် အမျိုးသားတွေကသာ ခံယူခွင့်ရှိတယ်။ ဒါကြောင့် မြန်မာပြည်မှာတော့ ဒါမျိုးကို လက်မခံဘူး။


violetမြန်မာနိုင်ငံမှာ ဘုရားမပွင့်ခင်ကတည်းက ဒီလိုကိစ္စတွေရှိနေခဲ့တာပါပဲ။ ဘုရားရှင် လက်ထက်တော်မှာလည်း ရှိခဲ့ပါတယ်။ ဘုရားပရိနိဗ္ဗာန်ပြုပြီး အခု မျက်မှောက်အချိန်ထိလည်း ဒီအဖြစ်အပျက်တွေ ရှိနေဆဲပါ။ မြန်မာပြည်မှာ ဒါမျိုးကို လက်မခံဘူး....လက်မခံတာက တစ်ပိုင်းသက်သက်ပဲ။ ဖြစ်တဲ့လူတွေက ဆက်ဖြစ်နေကြမှာပဲ။ ဒါကိုတော့ လိုက်ပြီး ထိန်းချုပ် လို့လဲ မရပြန်ဘူး။ လက်မခံလို့လဲ မဖြစ်ပြန်ဘူး။ ပညာပေး ဆွေးနွေးတာလောက်ပဲ လုပ်နိုင်မယ်။ ဒီထက်ပိုပြီး ဘာလုပ်နိုင်လို့လဲ။ ဘုရားတောင် မလုပ်ပေးခဲ့တဲ့ ကိစ္စကို ကိုယ်တို့ လူသာမာန်တွေက ဘယ်လိုတန်ခိုးနဲ့များ လုပ်ပေးနိုင်ကြမှာလဲ။ အဲလိုသာ လုပ်ပေးလို့ရမယ်ဆိုရင် လောကကြီးမှာ gay ဆိုတာ မရှိအောင်လို့ ဘုရားအသီးသီးက ဖန်တီးကြမှာပေါ့။
ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာအောင်သန်းဦး က
ယောက်ျားလေးတစ်ဦးမှာလည်း မ ဟော်မုန်းနဲ့ ပတ်သက်ပြီးတော့ ရှိတယ်။ မိန်းကလေးတစ်ဦးမှာလည်း ယောက်ျားလေးနဲ့ ပတ်သက်တဲ့ ဟော်မုန်း ရှိတာပါပဲ။ ဒါပေမယ့် balance က မျှနေရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့် ယောက်ျားလေးတစ်ဦးမှာ မဟော်မုန်းက များနေရင် biological point of view အရ ပြဿနာရှိနိုင်တယ်။ နောက်ပြီး ကလေးတွေကို ထိန်းသိမ်းမှု ပုံစံတွေမှာ ယောက်ျားလေးတစ်ယောက်ကို ယောက်ျားလိုမဟုတ်ဘဲ မိန်းကလေးလို ၀တ်စားဆင်ယင်ပေးတယ်။ မိန်းကလေးလို အုပ်ချုပ်မယ်။ ကလေးကို အားပေးအားမြှောက်ပြုလုပ်တယ်။ ဒီလိုမျိုး ကလေးရဲ့ အပြုအမူကို မိန်းကလေး တစ်ယောက်အပြုအမူကဲ့သို့ အားပေးအားမြှောက် လုပ် တာတွေကြောင့်လည်းပဲ လိင်စိတ်ပြောင်းလဲသွား တတ်ပါတယ်။ မိန်းမလို ပြုမူ နေထိုင်ရတာကိုပဲ ကျေနပ်မှုဆိုတဲ့ စိတ်ပိုင်းဆိုင်ရာသာယာမှု ခံစားချက်ဖြစ်ပေါ်လာတတ်ပါတယ်။

violet ဒီလိုနဲ့ပဲ သူတို့တွေဟာ ယောက်ျားလေးတွေအပေါ် အားကိုး မှီတွယ် ရင်းကနေ ရင်ခုန်တပ်မက်စိတ်တွေ ဖြစ်ပေါ်လာတယ်။ ဒါတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တော်တော်များများ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေပါ။
မီးယပ်နှင့် သားဖွားအထူးကု ပါမောက္ခ ဒေါက်တာ မြင့်မောင်မောင် အကြံပြုဆွေးနွေးပြောကြားရာတွင်
gay ဆိုတိုင်း မိန်းမလျာအစစ်မဟုတ်ဘူး။ တစ်ချို့က မိန်းမလဲ ယူထားသေးတယ်။ ယောက်ျားနဲ့လည်း နေတယ်။ တစ်ချို့က ဘယ်လိုလဲဆိုရင် ယောက်ျားနဲ့နေပြီး စိတ်ပါလာပြီဆိုမှ မိန်းမနဲ့ နေလို့ရတယ်။ အဓိကက စိတ်ပိုင်းဆိုင်ရာကြောင့် နောက်ပိုင်း သုတေသနအရ အပေါင်းအသင်းကြောင့် ပြောင်းပြောင်း အခြေအနေကြောင့် ပြောင်းပြောင်း ပတ်ဝန်းကျင်ကြောင့် ပဲပြောင်းပြောင်း တကယ် အခြောက်ဖြစ်မယ့် လူက ဦးနှောက်အတွင်းမှာ ဖောက်ပြန်မှုလေးတော့ တစ်နေရာပါတယ်။ အဲတာကို သုတေသနအရ သိတယ်။ အဲတာကြောင့် သူကိုယ်တိုင်ဖြစ်ချင်ချင် မဖြစ်ချင်ချင်မရဘူး။ မိဘက ကိုယ့်သားလေးကို မိန်းမပေးစားချင်လို့ ၀ိတ်မခိုင်းတယ်။ ပြေးခိုင်းတယ်။ မြင်းစီးခိုင်းတယ်။ ဘယ်လိုပဲလုပ်လုပ် ဒီကဆင်းလာရင် မိန်းမလျာဖြစ်သွားတာပဲ။ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပေါ်ပေါက်လာနိုင်သည့် ကျန်းမာရေးအမြင်အရ လိင်တူဆက်ဆံတယ်။ သူ့မှာ HIV ရမှန်းမသိတော့ နောက်လိင်ကွဲဆက်ဆံတယ်။ ဒီမှာ အမျိုးသမီးကနေ ကိုယ်ဝန်ဆောင်လာတော့ ကလေးတွေထိပြန့်ရော။ အပုန်းတွေဆိုရင်လည်း တစ်ချိန်ချိန်မှာ ပွင့်သွားကြတယ်။ တစ်ချို့ဆိုရင် နယ်ပယ်ကြီးကြီးမှာ အပုန်းဘ၀နဲ့ ရှိနေတတ်တာမျိုးတွေ တွေ့ရပါတယ်။ သူတို့တွေက အမြဲတမ်း ဖုံးဖိမနေနိုင်ပါဘူး။ အထူးသဖြင့် စိတ်အားငယ်တဲ့ အချိန်မှာ သိပ်မဖုံးနိုင်ပါဘူး။ အထူးသဖြင့် depression ၀င်နေတဲ့ အခါမျိုးမှာပေါ့။ AIDS စတဲ့ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတိုင်းဟာ homosexual တွေက တဆင့်ကူးတာ။ ယောက်ျားမိန်းမဆန့်ကျင်လိင် က နေသိပ်မကူးဘူး။ ဒါကြောင့် homosexual လိင်တူဆက်ဆံခြင်းက မြန်မာ့ယဉ်ကျေးမှု ဘာသာရေးအရ မကောင်းတဲ့အပြင် လိင်မှတဆင့် ကုးစက်တတ်သောကြောင့် တတ်နိုင်သမျှတော့ ထိန်းချုပ်၇မယ်။ ယဉ်ကျေးမှုပျက်ပြားအောင် ဗြောင်ကြီးလုပ်နေတာမျိုးတို့ကို အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ယှဉ်ပြီးသွားလုပ်လို့မ၇ဘူး။ ယောက်ျားတွေ မိန်းမစိတ်ပေါက်နေတာ ပိုဆိုးတယ်။ စိတ်က မိန်းမစိတ်ပေါက်နေပေမယ့် မိန်းမတစ်ယောက်ကို ဖျက်ဆီးနိုင်သေးတယ်။ ဆိုးကျိုးကတော့ gay နဲ့ သွားတဲ့ ယောက်ျားကနေ သူ့မိန်းမကို ရောဂါပြန်ပြီး ကူးစက်နိုင်တယ်။ လိင်မှတဆင့် ကုးစက်တဲ့ ရောဂါတွေက ဒါကြောင့် အဖြစ်များတယ်။
violet ကျွန်တော်တို့ သိရှိသမျှအရ gay ဆိုတိုင်း မိန်းမလျာ အစစ်မဟုတ်ဘူး။ gay မှာ အမျိုးအစားအများကြီးရှိပါတယ်။ အထူးသဖြင့် အပုန်းနဲ့ အပွင့် ပေါ့။ အပွင့် မှာမှ နှစ်မျိုးခွဲပြန်တယ်။ ယောက်ျားပုံ အပွင့်နဲ့ မိန်းမပုံ အပွင့် ။
မိန်းမပုံ အပွင့်ကတော့ လုံးဝ မိန်းမလို ၀တ်စားထားပြီး၊ ယောက်ျားပုံအပွင့်ကတော့ ယောက်ျားလိုပဲ ၀တ်စားထားတယ်။ ဒါပေမယ့် နွဲ့နွဲ့နှောင်းနှောင်းနဲ့ မိန်းကလေးတစ်ယောက်လိုပဲ ပြောဆို ပြုမူနေထိုင်တယ်။ သူတို့လို လူစားမျိုးတွေ ကို CC လို့ခေါ်လို့ရတယ်။ CC တွေဟာ ကြောက်ဖို့ မကောင်းပါဘူး။ သူတို့တွေဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်ကြပါတယ်။ အပုန်းမှာမှ ဆရာကြီး၊ ဆရာမကြီးများတင်ပြတဲ့ အကြောင်းအရာ တော်တော်များများနဲ့ ပတ်သက်ပါတယ်။ အပုန်းမှာ one way, two way, three way အထိ ရှိနိုင်ပါတယ်။ One way ထိဆိုရင် gay အဆင့် သတ်မှတ်လို့ ရပါတယ်။ two way, three way တွေကိုတော့ gay အဆင့်ထဲ သွင်းလို့ မ၇တော့ပါဘူး။ သူတို့တွေက psychosexual တွေဖြစ်ပါတယ်။ သူတို့တွေဟာ လိင်ပိုင်းဆိုင်ရာ တက်ကြွသူတွေ ဖြစ်ကြပါတယ်။ three way တွေဟာ မိန်းမတွေနဲ့လည်း လိင်ဆက်ဆံ ကြတာပဲ။ မိန်းမလည်း ယူထားကြမယ်။ gay နဲ့လည်းဆက်ဆံတယ်။ ယောက်ျားတွေနဲ့လည်း နေတယ်။ two way ကတော့ ယောက်ျားနဲ့နေမယ်။ အခြောက်နဲ့နေမယ်။ ဒေါက်တာ မြင့်မောင်မောင် ပြောသွားတဲ့ မိန်းမတွေကို ဖျက်ဆီးနိုင်တယ် ဆိုတာ three way gay အမျိုးအစားထဲမှာ ပါပါတယ်။ CC , one way , two way မပါဘူးလို့ မဆိုလိုနိုင်ပါဘူး။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့် မရှိသလောက်နည်းပါးပါတယ်။ 2 way တွေ က 3 way ဖြစ်နိုင်ဖို့ အလားအလာ အများကြီး ရှိနိုင်ပါတယ်။ ကူးစက်ရောဂါတွေဟာ gay တွေကသာ စတင်တာ မဟုတ်ပါဘူး။ commercial sex workers (CSW) တွေကရော မကူးစက်နိုင်တော့ဘူးလား။ အခုခေတ်မှာ အကာအကွယ်ပစ္စည်းတွေလည်း အရမ်းကို ခေတ်စားနေပါပြ။ လူတိုင်းသာ အကာအကွယ်ပစ္စည်းသုံးပြီး လိင်ဆက်ဆံမယ်ဆိုရင် ဒီရောဂါတွေ ဖြစ်လာစရာ အကြောင်းမရှိနိုင်ဘူးလို့ ထင်ပါတယ်။ လိင်တူပဲ ဆက်ဆံ ဆက်ဆံ လိင်ကွဲပဲ ဆက်ဆံ ဆက်ဆံ စနစ်တကျ အကာအကွယ်ပစ္စည်းသုံးပြီး ဆက်ဆံမယ်ဆိုရင် ကူးစက်ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
အားလုံးကို ပြန်ပြီး နိဂုံးချုပ်ရမယ်ဆိုရင် gay တွေဟာ လူ့ဘောင်အဖွဲ့အစည်းရဲ့ အပယ်ခံ လူသားတွေ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရဲ့ အောင်မြင် ကျော်ကြားနေတဲ့ လူတွေထဲမှာ gay တွေကလည်း တစ်စိတ်တစ်ပိုင်း ပါဝင် နေကြပါတယ်။ ဖက်ရှင်ဒီဇိုင်နာလောက၊ မိတ်ကပ်အလှအပ လောက မှာလည်း gay တွေသာ အောင်မြင် ကျော်ကြားကြပါတယ်။ ကျွန်တော်တို့ ဆေးပညာ အသိုင်းအ၀ိုင်းအနေနဲ့ ကြည့်မယ်ဆိုရင်လည်း gay တွေ တော်တော်များများ နေရာယူထားကြပါတယ်။ ပြောရမယ်ဆိုရင် gay တွေဟာ အပစ်ပယ်ခံ အနှိမ်ခံ သတ္တ၀ါတွေ မဟုတ်ကြပါဘူး။ လူသားတွေထဲက လူသားတွေပါပဲ။ စာနာထောက်ထားပြီး ကရုဏာသက်တဲ့ မျက၀န်းတွေနဲ့ ကြည့် ကြည့်ပေးပါ။ သူတို့တွေရဲ့ စာနာထောက်ထားပေးကြည့်လိုက်ပါ။ နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်ကြမယ်ဆိုရင် လောကကြီးဟာ ပိုပြီး သာယာလှပလာမယ်လို့ ထင်ပါတယ်...........