Sunday, October 5, 2008

လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။

လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။ သူကတော့ မပင်ပန်းသလိုပင်။
လေယာဉ် ပေါ်တွင်ပေးသော မုန့်လက်ကောက်ကို ထန်းလျက်ရည်နှင့် အားရပါးရတို့ကာ
စားနေလေဧ။်။ ကျန်လက် တစ်ဖက်ကလည်း ဒိန်ချဉ်ဘူးကို
မလွတ်တန်းကိုင်ထားသေးသည်။ "သူ" ဆိုတာကဇီဇူးဟုချစ်စနိုးခေါ်ကြ သော
ကလေးပေါကြီး ဇီဒန်း ပင်ဖြစ်သည်။
ကျွန်တော်နှင့်သူသည် ဘရစ်တနီစပီးယားဧ။် သီလရှင်ဝတ်ပွဲကျင်းပရာ
တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မှ တဆင့်
ဒိန်းမတ်သို့လာကြခြင်းဖြစ်သည်။ ဇီဒန်းကတော့ တကယ့်ကို အေးအေးဆေးဆေး။
မာတာရာဇီကို ခေါင်းနှင့်ဝင်ဆောင့်သည့်အကြော
င်း မမောမပန်း
ထပ်ပြောနေပြန်သည်။ ကျွန်တော်ကသာ ကိုယ့်အပူနှစ်ခုနှင့်ကိုယ်။ တခြားမဟုတ်။
တစ်ခုက ကျွန်တော့် Laptop အိတ်ထဲတွင် ကိုရီးယား ကင်း(မ်)ချီ
တစ်ထုပ်ပါလာသည်။ အဲဒီက အရည်တွေကြောင့် Laptop ပျက်စီးသွားမှာစိုးရသည်။
ကျွန်တော်က ကင်း(မ်)ချီတွေ သယ်မလာချင်။ ကိပ်တောင်းလေဆိပ်ရောက်မှ
ဘေယောင်ဂျွမ်းက ဆိုက်ကားကြီးနှင့် ရောက်လာပြီး UN အတွင်းရေးမှူးချုပ်
ကိုရီးယားသားကြီး ဘန်ကီမွန်းကို ပေးရန် လူကြုံလာပေးသဖြင့်
နီးရာအိတ်ထဲထည့်ပြီး သယ်လာခြင်းဖြစ်သည်။ ဘန်ကီမွန်းနှင့် သန်ဘက်ခါတွင်
Liverpool တွင်ကျင်းပမည့် ၀င်းသူဇာဆိုင်ခွဲ(၈၃၇၂)
ဖွင့်ပွဲတွင်တွေ့ရင်ပေးရမည်။ မတွေ့ပါက UN ရုံးချုပ်ရှိရာ တောင်ကြီးသို့
စာတိုက်ကပင် ပို့ရတော့မည်။ သူလိုလူအတွက်တော့ အချိန်သိပ်မပေးနိုင်တော့။
ဒါကပထမအပူဖြစ်သည်။
ဒုတိယအပူက တော့နည်းနည်းပိုဆိုးသည်။ ယခု ဇီဒန်းနှင့်
ဒိန်းမတ်ကိုလာခြင်းမှာမဲနှိုက်ပေးဖို့နှင့်
လက်ဆောင်ပေးဖို့ဖြစ်သည်။ ရှင်းပြပါဦးမည်။ ယခုနှစ် World Football Club
Champion Tournament Classic Cup 2007 ဗိုလ်လုပွဲတွင် မြန်မာပြည်မှ
ပို့ဆောင်ရေးအသင်းနှင့် စပိန်မှ Real တို့ဆုံကြသည်။ နှစ်သင်းလုံးက
အဖြူဝမ်းဆက်ဝတ်ကြသည်။ အစကတော့ Real က သူတို့အသင်းမှာ အသင်းသစ်၊
အသင်းငယ်ဖြစ်သဖြင့် သူတို့ပင် အရောင်ပြောင်းဝတ်မည်ဟုဆိုသည်။
အခုတော့တစ်မျိုး။ ဗိုလ်လုပွဲသို့နောက်တစ်ခေါက် ရောက်ရန်မသေချာသဖြင့်
နှစ်တိုင်းနီးပါး ဗိုလ်စွဲနေသော မြန်မာကလပ်အသင်းက အရောင်ပြောင်းပေးပါရန်
စပိန်ဘုရင် ကိုယ်တော်တိုင် Email ပို့လာသည်။ မြန်မာကလပ်က
ပြောင်းပေးချင်သော်လည်း ပရိတ်သတ်ကို အဖြူရောင်ဂျာစီတွေ
ရောင်းထားပြီးနှင့်ပြီ။ ထိုကိစ္စကို မဲနှိုက်ဖြေရှင်းရန်
ကျွန်တော်နှင့်ဇီဇူးတို့ လာကြခြင်းဖြစ်သည်။ ပို့ဆောင်ရေးအသင်းနည်းပြ
ဦးမောင်မောင်ဦး နှင့် Real နည်းပြလေး ကာပယ်လိုတို့မှာ
ရောက်နှင့်နေလောက်ပြီ။ ဒါကမဲနှိုက်ဖို့။ လက်ဆောင်ပေးဖို့ကတော့
ဒိန်းမတ်ဘုရင်ဧ။် သားတော်ငယ် Dahl Houson အတွက်တကူးတကသယ်လာသော Shan Star
Jeep တစ်စီးပင်ဖြစ်သည်။ ကျွန်တော်သယ်လာသော ကားမှာ
ကားမြို့တော်ဟုခေါ်တွင်သော ဟားခါးမြို့တွင်ပင် ဈေးကွက်မတင်သေး။ ၂၀၀၈
မော်ဒယ်လ် ဖြစ်သည်။ Piston ၁၆ လုံးက W ပုံစံခုတ်သည်။ (W16 ဟုရေးထားသည်)
အင်ဂျင်က ဂျက်အင်ဂျင်အသေးစားဖြစ်ပြီး ပလက်တီနမ်ဖြင့် သွန်းထားသည်။
လောင်စာမှာ လေဖြစ်ပြီး လေရှိသောမည့်သည့်နေရာတွင်မဆို တစ်နာရီ ၁၂၄၄
မိုင်အထိမောင်းနှင်နိုင်သည်။ လေမရနိုင်သော နေရာဖြစ်ပါက အနည်လုံးဝမပါသော
ရေထည့်ပြီး တစ်နာရီ ၁၁၄၇မိုင်အထိမောင်းနိုင်သည်။ ၉ ချက်ထိုးဂီယာက
ရွှေဖြင့်ပြီးသည်။ မီးကြီးတစ်ဖက် ၈ လုံးပါပြီး မီးစာမှာ စိန်ဖြစ်သည်။
တံခါးကတော့ Jeep ထုံးစံအတိုင်းဖြစ်သည်။ ကားစက်နှိုးခြင်း၊ Air Con
ဖွင့်ခြင်း၊ မှန်အတင်အချလုပ်ခြင်း၊ ဂီယာပြောင်းခြင်း၊
နောက်မှန်ချိန်ခြင်း နှင့် Audio-Video Function များကို အသံဖြင့်
အမိန့်ပေးခိုင်းစေနိုင်သည်။ ကားမှာ သော့တံများမလိုဘဲ လက်ဗွေရာနှင့်
ဖွင့်ရသည်။ ဘီးလဲလှယ်လိုလျှင် Remote Control ဖြင့်ခိုင်းစေနိုင်သော်လည်း
Demo Version သာဖြစ်သည်။ 20 LD Changer ဖြင့် Speaker 88 လုံး၊ Woofer 23
လုံးတွဲဖက်ထားပြီး ၁၂ လက်မ Slim LCD TV ပါဝင်သည်။ ကားရပ်နားထားစဉ် Video
ကြည့်လိုပါက အရှေ့ Bullet Proof လေကာမှန်ကြီးကို TV
အဖြစ်ပြောင်းသုံးနိုင်သည်။ ဆေးရောင်မှာ မှုတ်ထားခြင်းမဟုတ်ဘဲ
သံအရည်ကြိုစဉ်ကတည်းက အရောင်ထွက်အောင်စီမံပေးထားသည်။ အထူးသဖြင့် ၂၀၁၀
တွင်ထုတ်လုပ်မည့် ပျံတက်နိုင်သော Shan Star Jeep အစအဖြစ်
အတောင်ပံများတပ်ဆင်ရန် နေရာများပါပြီးဖြစ်သည်။ ခြုံပြောရလျှင်
ထော်လာဂျီပေါ် ထောင်ကားဆင့်ထားသလို ရုပ်ထွက်ကောင်းသည်။ ကာလပေါက်ဈေး
ကျပ်သုံးသောင်း (US$ 12Millions) လောက်ရှိသည်။ တကယ်တော့
ကျွန်တော်သယ်ယူလာသောကားမှာ ထိုသို့ကောင်းမွန်ပြည့်စုံသောကားဧ။်
နမူနာပုံစံ သံပတ်ပေးရသော ကားရုပ်လေးသာဖြစ်သည်။ ဘုရင့်သားတော်လေး
ဆော့ကစားဖို့ဖြစ်သည်။ ဒါတွေက လာရင်းကိစ္စများဖြစ်သည်။
ကျွန်တော့်ဒုတိယအပူမှာ လေဆိပ်တွင်ကြုံတွေ့ရမည့် အခက်အခဲများဖြစ်သည်။
ဒိန်းမတ် သမ္မတနှင့် ပလာတီနီကိုတော့ အသေအချာမှာထားသည်။ လေဆိပ်တွင်
ကော်ဇော်အနီခင်းမကြိုရန်နှင့် လုံခြုံရေးအပြည့်အ၀ ပေးထားရန်ဖြစ်သည်။
နောက်တစ်ခုက လေဆိပ်တွင် ချောတိုင်တက်ပွဲ နောက်ဆုံးနေ့
ကျင်းပရန်ရှိသည်ဟုလည်း သတင်းရထားပြန်သည်။ လူများလျှင် ကျွန်တော်မနေတတ်။
နိုင်ငံရပ်ခြားအ ရောက်နည်းလှသော ဇီဇူးကြောင့် အရှက်ရမှာကိုလည်း
စိုးရိမ်နေရသည်။ သူကဟိတ်နှင့် ဟန်နှင့်မနေတတ်။ သူ့ကိုလှမ်းကြည့်လိုက်တော့
နှုတ်ခမ်းတွင်ပေနေသာ ထန်းလျက်ရည်များကို Neck Tie ဖြင့် အားရပါးရ
သုတ်နေလေသည်။
လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။

Friday, October 3, 2008

လူချွန်လူကောင်း

ဂီတဟာ လူ့စိတ်ကို အဖမ်းစားနိုင်ဆုံး၊ အထိမ်းချုပ်နိုင်ဆုံး အနုပညာတရပ်လို့ ကျွန်တော်ပြောရင် တော်တော်များများက လက်ခံနိုင်လိမ့် မယ် ထင်ပါတယ်။ သက်ရှိ သတ္တ၀ါတွေထဲမှာမှ အဆင့်အမြင့်ဆုံးသော လူသားတမျိုးသာလျှင် သိမ်မွေ့ဆန်းကြယ်လွန်းလှတဲ့ ဂီတဆိုသော အနုပညာကို နားလည် ခံစားနိုင်ပါတယ်။ ဒီနေရာမှာ တချို့တရိစ္ဆာန်တွေလည်း တေးဂီတကို နားထောင်တတ်တာပဲလို့တော့ ကပ်ဖဲ့ မပြောကြပါနဲ့ခင်ဗျ။ မြွေဆိုရင် ပုလွေသံကြားတော့ ပါးပျဉ်းထောင်ပြီး ယိမ်းတောင် ကလိုက်သေးတယ်ဆိုတာလိုမျိုးပေါ့။ သူဟာနားရှိလို့ ကြားတာမျိုးမဟုတ်ပဲ၊ အလမ္ပါယ်ဆရာက ရှေ့ကနေ ဦးဆောင်လှုပ်ရှား ခေါ်ယူသွားတာမို့၊ မြွေက ရိုးတိုးရိပ်တိတ်နဲ့ ပလွေသံဖမ်း အီးရှူ၊ (မှားလို့) ယောင်တောင်ကန်း လုပ်နေတာမျိုးသာလို့ ကြားဖူးပါတယ်။ မဟုတ်ရင် ပြင်ပြောပေးကြပါ။ ပုလွေသံကြားလို့ လိုက်နားထောင်တာ၊ ကတာမဟုတ်ပဲ သူမကျေနပ်လို့ သောက်မြင်ကပ်လာရင်တော့ ခွပ်ကနဲတောင် ပေါက်ချတတ်တယ်တဲ့ဗျ။ ဆိုတော့ .. လူမှမဟုတ်ဘူး တခြား သတ္တ၀ါတွေလည်း အဲဒီတေးဂီတဆိုတဲ့ အနုပညာနောက် ကောက်ကောက်ပါအောင် လိုက်တတ်ပါတယ်လို့ ဆင်ခြေကန်ပြီး ပြောမယ် ဆိုလည်း ကျွန်တော်ကတော့ ခုလို ထပ်ကွန့်လိုက်ချင်ပါတယ်။

"နားထောင်တတ်လည်း သူတို့ သီချင်းတော့ စပ်တတ်မယ်မထင်ပါဘူးဗျာ .." လို့ပါ။ ထားပါတော့။ ကျွန်တော်ပြောချင်တာ ဒီအကောင်တွေနဲ့ သိပ်မဆိုင်ပါဘူး။ ပထမတစ်ချက်က လူသားတွေဟာ ဒီတေးဂီတ အနုအညာကို ဟိုးရှေးဦးမဆွ တစစ တိုးတက်ပြောင်းလဲလာတဲ့ ယဉ် ကျေးမှု အလိုက် ပုံစံအမျိုးမျိုး ခံစားလာကြတယ်။ ဒုတိယအချက်က တေးဂီတကို ဖန်တီးဖွဲ့စည်းပေးတဲ့ တေးပြုစာဆို အကျော်အမော် တွေဟာ သူတို့ကိုယ်တိုင် ခံစားချက်အရ ရင်ဘတ်ထဲကနေ အလိုလိုပေါ်ပေါက် ထုတ်လုပ်လာကြသည်ဖြစ်စေ၊ သီချင်း ဂီတကို ခံစားသူ လူသားတွေအတွက် ခေတ်ခါ အခြေအနေအရ ဖန်တီးပေးရသည် ဖြစ်စေပေါ့လေ၊ သီချင်း၊ ဂီတဆိုတာ လူသားအားလုံး အပေါ်မှာ အင်မတန်မှ သက်ရောက်မှုအား ကြီးမားတယ်ဆိုချင်တာပါ။ ဟိုတုန်းက နန်းတွင်းမှာ စောင်းလေးနဲ့ (ခေါင်းအုံးပါ ပါရင်ပါမှာပေါ့) ဖျော်ဖြေ ကြရတဲ့ ရှေးခေတ် သီချင်းကြီး သီချင်းခန့်မှသည် အခု လူငယ်တွေအကြိုက် ဟစ်ဟော့အထိ ဂီတ၊ သီချင်းဆိုတာဟာ ပုံသဏ္ဍာန်မျိုးစုံ၊ အ ကြောင်းအရာနဲ့ အမျိုးအစားစုံလင်စွာပဲ လူသားတွေကို အချိန်ကာလအလျောက် လွှမ်းမိုးခဲ့၊ လွှမ်းမိုးနေကြဆဲ မဟုတ်လား။ သီချင်း နား ထောင်လွန်ပြီးတော့ သွေးတိုးတက် သေသွားတာမျိုး မရှိသလောက်ရှားပေမယ့်၊ သီချင်းကြောင့် စိတ်ဓါတ်နူးညံ့ပျော့ပျောင်းသွားတာ၊ စိတ်ဓါတ်အင်အား တိုးတက်လာစေတာ၊ ကြမ်းတမ်းခက်ထန်လာစေတာ၊ စိတ်ညစ်ညူးမိစေတာ စသည်ဖြင့် စိတ်ဓါတ်၊ ခံစားချက်တို့ကို အမျိုးမျိုးအဖုံဖုံ ပြောင်းလဲမှု ဖြစ်ပေါ်စေပါတယ်။

ပြီးတော့ သီချင်းဟာ လက်နက်တစ်ခုလိုလည်း စွမ်းဆောင်နိုင်ပါတယ်။ အသိသာဆုံးကတော့ တခြားသွားမကြည့်ပါနဲ့။ မြန်မာ့အသံနဲ့ ရုပ် မြင်သံကြား ချယ်နယ်အားလုံးမှာ ဘယ်အချိန်ကောက်ဖွင့်ဖွင့် ခွေးစစ်စစ်တွေကိုတောင် အလိုလိုနေရင်း မျက်မုန်း ကျိုးချင်နေတဲ့ ကျွန် တော်တို့လို လူမျိုးအတွက် ခွေးသူရဲ အခြောက်ခံရသလိုလို၊ လက်နက်ကြီးနဲ့ အထုခံနေရသလိုလို .. " နိုင်ငံတော် ပြိုကွဲမဲ့ အခြေအနေကို ဒို့ကကြံနေတာ " ..၊ " ဒို့ရဲဘော်များ ပဲဟင်းစားလို့ အိမ်သာမှာ လူစည် .. " (ဆောရီးဘိုကြီး .. တိပ်ညပ်သွားလို့) စသည်ဖြင့် ကြားဖူးကြမှာ ပါ။ သီချင်းလက်နက်ကို ဒီလိုသီချင်းမျိုးတွေကို ရေးစပ်၊ ပေါ်ပေါက်၊ အသုံးချခဲ့ကြတာ၊ နားထောင်ခဲ့ကြရတာဟာ ဟိုယခင် ဗမာ့တပ်မတော် စစ်စစ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်၊ ဗိုလ်တိုက်ချွန်းတို့၊ ဗိုလ်လှသောင်းတို့လို ခေတ်တုန်းကတော့ အင်မတန် သာယာနာပျော် ဘွယ်ကောင်းမှာပါ။ ရေအရောများတဲ့ နွားနို့လို ဖြစ်နေတဲ့ လက်ရှိ နအဖ စစ်တပ်ခေတ်မှာတော့ ခုနကလို စိတ်ဓါတ်ကို လှုံ့ဆော် တက်ကြွ စေတဲ့ သီချင်းတွေဟာ လက်နက်တော့ လက်နက်ပဲ။ ဒါပေမယ့် အဆံမပါတဲ့ သင်္ကြန်အမြောက်လို ဖြစ်နေတာက ခက်ပါတယ်။ မယုံရင် ကြည့်ပါ။ " တပ်မတော်ကြီးကို ဘီစကစ်ကျွေးဖို့ UN လာပါပြီ၊ ရဲဘော်အပေါင်းကို ဝေစားကြဖို့ ညွှန်ကြားအပ်ပါသည် .. " ဆိုတာမျိုးက သက်သေခံနေပါတယ်။

နောက်တစ်ခုက ကိုယ့်တိုင်းသူပြည်သားများအတွက် ရည်ရွယ်ပြီး စိတ်ဓါတ်အင်အားကို တိုးတက်ကောင်းမွန်စေဖို့၊ ပြီးတော့ကာ မိခင် တိုင်းပြည်ရဲ့ ရေ၊ မြေ၊ လေ သဘာဝ သစ်ပင် ပန်းမန်၊ တောတောင် စတဲ့ အလှတရား အမွေတွေကို မြင်သာတတ်ကြအောင် ဖွဲ့နွဲ့ထားမှု၊ ကိုယ်နေထိုင်ကြီးပြင်းတဲ့ တိုင်းပြည်ဟာ စီးပွားရေး၊ လူမှုရေး၊ လမ်းပမ်းဆက်သွယ်၊ အခြေခံ အဆောက်အအုံ စသည်မျိုး ဘက်ပေါင်းစုံက နေ ဒီလိုဒီလို တိုးတက် ကောင်းမွန်နေပါပြီလို့ (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ) ညွှန်းဆိုပြချင်တဲ့ သရုပ်ဖေါ် သီချင်းမျိုးပါ။

သီချင်းအမျိုးအစား အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ထိရောက်အောင် မပြောပြတတ်လို့၊ ကျွန်တော် အချိန်အတန်ကြာက နားထောင်ဖူးခဲ့ပြီး ခု လက်ရှိ အခြေအနေမှာ ခေတ်နဲ့ ဘယ်လိုမျိုးမှ ဆွဲယူစပ်ဟပ် နားထောင်လို့ မရနိုင်တော့ပဲ နဲနဲ ကမောက်ကမနိုင်လှတဲ့ သီချင်းတစ်ပုဒ်ကို ဥပမာပေးပြီး ပြောပြချင်ပါတယ်။ သီချင်းနာမည်က " လူချွန်လူကောင်း" ဖြစ်ပါတယ်။ သီချင်းရေးသားသူဟာ ဆရာကြီး မြို့မငြိမ်းဖြစ်ပြီး မြန်မာကျော် (သူ့ခေတ်နဲ့ဆို ကမ္ဘာတောင်ကျော်နိုင်ဖူးမယ် ထင်ရတဲ့) ဂီတစာဆိုကြီးဖြစ်တာမို့ ဒီပို့စ်နဲ့ နောက်ပြောင်တာ၊ ရွဲ့တာ၊ စောင်း တာ၊ ကဲ့ရဲ့စော်ကားတာမျိုး တစ်ခုမှမလုပ်ပါဘူး။ အဲဒီလိုမျိုးဘဲ ဒီသီချင်းကို သီဆိုသူ မည်သည့်အဆိုရှင်ကိုမှလည်း နောက်ပြောင် သရော် လိုစိတ် လုံးဝမရှိပါဘူး။ လူချွန်လူကောင်းရဲ့ မူရင်း စသီဆိုသူကိုလည်း ကျွန်တော်မသိပါဘူး။ ပြန်ဆိုတေးတွေ ပေါလွန်းတဲ့ ကျွန်တော့်တို့ မြန်မာ့ ဂီတလောကကြီးမှာ လူချွန်လူကောင်းကို ဘယ်နှစ်ဦးက ဘယ်နှစ်ကြိမ်မြောက် ပြန်ဆိုပြီးဆိုတာကိုလည်း မသိပြန်ပါဘူးခင်ဗျာ။ အခုသိတဲ့ အဆိုတော်က စာရေးဆရာ၊ ရုပ်ရှင်မင်းသား အဆိုတော် သုမောင် ဖြစ်ပြီးတော့ ကျွန်တော်ပြောချင်တဲ့ အဓိကအကြောင်းကတော့ သီချင်းတစ်ပုဒ်လုံးလိုလိုဟာ နအဖခေတ်အတွက် တမင်များ ပြောင်းပြန်လှန်ပြီး ရွဲ့ရေးထားခဲ့သလား ထင်ရအောင် စာသားတွေမှာပါဝင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

ကျွန်တော့်အတွက်တော့ သီချင်းတွေဟာ စိတ်ကို အတော့်ကို ဖမ်းစားနိုင်လွန်းလှပါတယ်။ စကားမစပ်ပြောရရင် အဆိုတော် ထူးအိမ်သင် ရဲ့ "နဲနဲလေးတော့လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ် "… ကို ကိုယ်အသုံးမကျလို့ ကပြောင်းတိ ကပြောင်းဆန်ဖြစ်တဲ့ အချိန်မှာ ရသေ့စိတ်ဖြေ ညည်းတတ်ပြီး၊ ကိုယ်က သောက်ညင်ကပ်သူများရှေ့ ရောက်ရင်တော့ လေးဖြူရဲ့ "ရူးချင်ယောင်ဆောင်မနေနဲ့" ဆိုတာကို ကြားမိတတ်ပါတယ်။ ဒီစကား မိတ်ဆွေအတွက် မှားတယ်ဆိုရင် မျက်စိအညောင်းခံပြီး ရှေ့ဆက်မဖတ်တော့ဖို့ ကြိုပြီး မေတ္တာရပ်ခံပါတယ်။

ကျွန်တော် နားထောင်ဖူးတဲ့ လူချွန်လူကောင်း ပထမအပိုဒ်ကို မြန်မာ့ စန္ဒရားလေးနဲ့ စထားပါတယ်။ အတီးကို နားမလည်လို့ သေချာ မပြောတတ်ပါခင်ဗျာ။ ဂစ်တာ အနဲငယ် ခေါက်တတ်ပေမယ့် ကိုယ်တိုင်တီးပြီး ဆိုလို့ရှိရင်တော့ မာရဇ္ဇရဲ့" စည်းများက ခြားထားပြီအချစ် " ဆိုတဲ့ စာသားလေးကို " ချီးများကစားထားပြီအချစ်" အော်မိလို့ နောက်ဘယ်တော့မှဆိုတီး မလုပ်ရဲတော့ပါဘူးခင်ဗျာ။ ဒီလို အဖြစ်ဆိုး တွေကြောင့်အာဇာနည်ရဲ့ " စည်းတစ်ဘက်ခြား" အခွေကို ဆိုင်မှာဝယ်တုန်းကတောင် " ချီးတစ်ဖတ်စား" မဖြစ်အောင် မနဲ ထိမ်းပြောခဲ့ရ ဖူးတယ်လေ။ သီချင်းစာသားတွေ အောက်မှာ ရေးထားပါတယ်။ ကြုံကြိုက်ရင် mp3 ပြောင်းပြီး ဒီပိုစ် အောက်ခြေမှာ တင်ဖို့စိတ်ကူးထားပါ တယ်။

ရှုမဆုံးတော့သည်၊ စိမ်းလဲ့လဲ့နှစ်စဉ်
လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့ အသီးတွေသန်မြန်အောင်မြင် …..

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်
ဥသြသံတွဲ့ နာပျော်ဖွယ် ကြည်ကြည်လင်
လုပ်ငန်းကိုကိုယ်စီဝင် စက်ရုံကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတစ်ခွင်က အရောင်းအ၀ယ်စုံဆန်သာစည်ပင်

လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်
မြို့မမိတ်ဆွေတွေကို ကြည်ညိုစွာမြင်လိုက်ချင်
မြန်မာ့သားကောင်းများကို အဆိုအတီးအမှုနဲ့ပင်
ရိုသေခင်မင် .. အားတက်အလေးပြုလျက်ပဲအစဉ် ..

ကစားခုန်စားစွမ်းအားဖက်တွင်
စံချိန်ရင်ဘောင် တန်းလိုက်လို့ယှဉ်
ခေတ်မှီမှီကမ္ဘာကြီးကြည့်မြင်
သန်မြန်ယောင်္ကျားဘသားလျှင်
လျှပ်စစ်အားအသုံးများတဲ့အပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင်
သစ်ပင်တွေ မြေတွင်းဓါတ်တွင်
ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင်

ကမ္ဘာမြေပထ၀ီဝင် ကမ္ဘာ့သမိုင်းရာဇ၀င်
သုံးသပ်လေ့လာသင်
အကြံအဥာဏ်ဝေဖန်မြော်လို့မြင်
ငါတို့ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

ဆရာဝန် ပညာတွေကိုသင် ခေတ်ရောရှေးမီ သမားကျော်များပင်
လူထုကိုကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်သား
ညွှန်ကြား ညွှန်ကြား
သန်ထွားကျန်းမာကြံ့ခိုင်အားအင်
ကလေးလေးတွေ ပညာရရှိဖို့တော့ ဘမိပုံသွင် အာစရိတွေပင်
လူချွန်လူကောင်းလေးတွေဖြစ်အောင်
မြေတောင်မြှောက်ကာ မြှင့်တင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

သီချင်းစာသားကတော့ဒီလောက်ပါပဲ။ ကျော့ကျော့ပြီးထပ်ဆိုတာတွေနဲ့ အချိန်ကရှစ်မိနစ်လောက် ကြာသွားပါတယ်။ မန္တလေး မြို့မတီးဝိုင်း ကြီးက တူရိယာအစုံအလင်နဲ့ မြိုင်လှသလို အဆိုကျော်ကြီးကလည်း မုဒ်အပြည့်နဲ့ပါ။ သီချင်းရဲ့ရည်ရွယ်ချက်ကတော့ တကယ့်ကို မွန် မြတ်လှပါတယ်။ တေးပြုစာဆိုကြီးဟာ ခေတ်ကာလအလျောက် စေတနာအပြည့်နဲ့ စပ်ဆိုထားခဲ့ပုံပါဘဲ။ ခက်တာက ခေတ်ကာလ ဆိုတာမှာ ကျွန်တော်လည်း ဒီသီချင်းကို ဘယ်အချိန်ကတည်းက ရေးစပ်ခဲ့တယ် မသိပါဘူး။ မြို့မအဖွဲ့ကိုတော့ ၁၉၂၅ ခုနှစ်က တည်ထောင်ခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် သီချင်းဟာ အဲဒီ ခေတ်ကာလ၀န်းကျင်လောက်ကပဲလို့ ထင်ရပါတယ်။ ကျွန်တော့် ထင်မြင်ချက်ဟာ အများကြီး လွဲမှားနိုင်တာပေါ့။ တကယ်လို့သာ ဗိုလ်ချုပ်နေ၀င်းစစ်တပ် အာဏာမသိမ်းခင်အချိန်တုန်းက ပေါ်ပေါက်ခဲ့တာမျိုးဆိုရင် ဘယ်လိုဘဲ ပြောပြော သီချင်းနဲ့ အချိန်ကာလကတော့ ကာရန်ညီမျှခဲ့မှာပါဘဲ။ ဘာလို့ဆိုတော့ လူကြီးတွေက ဟိုတစ်ခေတ်က ကောင်းကွက်လေးတွေ ပြောလေ့ရှိခဲ့တာကို ကြားဖူးထားတာကိုး။ အဲသလိုမျိုးပဲ ဟိုခေတ်က ကောင်းမကောင်း ကိုယ်တိုင်မသိပေမယ့် ခုခေတ်ကတော့ မကောင်းတာ သေချာတယ်ဆိုတာလည်း မျက်မြင်ကိုယ်တွေ့မဟုတ်ပါလား။ ဆိုတော့ကာ လူချွန်လူကောင်းသီချင်းကို ခံစားမိတဲ့အခါ စာသားပါ အချက်အလက်တွေဟာ ကျွန်တော့်အတွက်တော့ စိတ်ကူးယဉ် သိပ္ပံဇာတ်ကားထက်တောင်မှ ဆန်းကြယ်နေပါတော့တယ်။ သေချာဖတ်ပြီး တွေးကြည့်ပါဦး။

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

လျှပ်စစ်အားအသုံးများတဲ့အပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင် .....

ဒါပေမယ့် ဒီသီချင်းကို လက်နက်ကောင်းတစ်ခုအနေနဲ့ ရေဒီယိုမှာ ၂၄ နာရီ မထုတ်လွှင့်သေးတာ အတွက်တော့ ဘဘကြီးတို့ကို ကျေးဇူး တင်ရမဲ့အပေါက်ပါ။ နို့မို့ ၈၈ နောက်ပိုင်းလူဖြစ်တဲ့ပုဂ္ဂိုလ်များ ကမ္ဘာ့ရေကြောင်းမှာ မြန်မာတွေ တစ်လ လခ ဒေါ်လာ ၂၀၀ ယူပြီး သင်္ဘော တက်မောင်းနေရတဲ့ အဖြစ်မျိုးတွေ မသိပဲနေတော့မှာပေါ့။ သီချင်းထဲပါတဲ့အတိုင်း လျှပ်စစ်အားကလည်း အသုံးများပါပေတယ်။ မိတ္တူ ကူးဆိုင် အားလုံးလိုလိုမှာ " မီးပျက်လျှင် မီးစက်ဖြင့်ကူးသည်" လို့ရေးထားတာ တွေ့ဖူးကြမှာပါ။ ဖြစ်နိုင်ပါတယ်။ လျှပ်စစ်အား အသုံး များပုံများ မီးစက်နဲ့တောင် ရှယ်ကူးပေးကြတာခင်ဗျ။

တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင်
သစ်ပင်တွေ မြေတွင်းဓါတ်တွင်
ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင် ..

အထက်က စာသားလေးတွေလည်း ဧကန်ပဲ မှန်ကန်ကောင်းမွန်လှပါတယ်။ ဟိုတုန်းကဖြစ်ပါလိမ့်မယ်။ ခုတော့ ဖော်ယူနိုင်စွမ်း ကောင်း လွန်းလို့ အနာဂတ်မှာ မြေအောက် ရထားလိုင်းတွေဖေါက်ဖို့အတွက် အပင်ပန်းခံ မြေတူးစရာမလိုတော့ဘူး ထင်ပါတယ်။ ခုကတည်းက တူးထားတာ ကြွက်တွင်းလားမှတ်ရမယ်။ အပင်တွေမနေနိုင်တော့ဘူး။ တရုတ်ပြည် ပြောင်းကုန်တယ်။ မြေတွင်းဓါတ် တော်တော်များ များကတော့ အာရှတိုက်တင်မကဘဲ ရုရှားပြည်ကိုပါ ပြေးကုန်ပါပြီ။

ကစားခုန်စားစွမ်းအားဖက်တွင်
စံချိန်ရင်ဘောင် တန်းလိုက်လို့ယှဉ်
ခေတ်မှီမှီကမ္ဘာကြီးကြည့်မြင်
သန်မြန်ယောင်္ကျားဘသားပင်..

ဒီအပိုဒ်ကတော့ တကယ်ပဲ လန်ထွက်နေတယ်လေ။ လက်ရှိအိုလံပစ်မှာတောင် ရွှေဘယ်နှစ်ခု ယူလာမလဲဆိုတာကို နိုင်ငံတော် အစိုးရက စိတ်ကူးယဉ်နေတာမျိုး။ ကစားလိုက်ကြတာ။ နှစ်လုံး သုံးလုံး ဆိုတာလေးပါ ထည့်ပြောမှ ပြည့်စုံမယ်ထင်တယ်ဗျ။

ရှုမဆုံးတော့သည်၊ စိမ်းလဲ့လဲ့နှစ်စဉ်
လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့ အသီးတွေသန်မြန်အောင်မြင် …..

အပေါ်ကသီချင်းအစ အပိုဒ်လေးအတွက်တော့ နာဂစ်သာပြေးမြင်မိတော့တယ်။ မြန်မာ့ဆန်အိုးကြီး ဧရာဝတီက ရွှေစင်လို အိနေပါလိမ့်မယ်။ လယ်ကွင်းတွေ သွားကြည့်လိုက်ပါ။ လာမဲ့ ၂၀၀၉ အတွက် စပါးအနှံတွေ အသီးတွေများ ပြွတ်ခဲနေတာပါဘဲ။ အဲဒီပြွတ်ခဲသမျှတွေကလည်း ကြပ်ပြေးကိုပဲ အပြေးလေး ခရီးဆက်ရမှာ ကျိန်းသေပါတယ်။ ကျန်တဲ့လူငတ်ကြပေါ့။

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်
ဥသြသံတွဲ့ နာပျော်ဖွယ် ကြည်ကြည်လင်
လုပ်ငန်းကိုကိုယ်စီဝင် စက်ရုံကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတစ်ခွင်က အရောင်းအ၀ယ်စုံဆန်သာစည်ပင်


စက်ရုံကြီးငယ် အသွယ်သွယ်ကလည်း ကုန်ထုတ်စွမ်းအား အရမ်းတိုးတက် ခေတ်မှီလာတာပါဘဲ။

စက်မှုစွမ်းအားခေတ်ကျော်လွှားဆိုတဲ့ ခေါင်းစဉ်အောက်မှာ စက်ရုံတွေက အလျှံအပယ် ထုတ်ပေးနေတဲ့ ကမ္ဘာ့အဆင့်မှီ ထုတ်ကုန်တွေက တော့ ..

ဖယောင်းတိုင်၊ (ရိုးရာမပျက်နတ်ပွဲဆက်ဖို့ ထင်ပါတယ်)

ရေသန့်ဗူး (မုန်တိုင်းမွှေပြီးမှ ၀ယ်လိုအားအရ တိုးပြီးထုတ်နေတာပါ)

ချိုချဉ် (ကျောင်းသားတွေအတွက်)

ဒန်အိုးဒန်ခွက် (အဖုံးကဲ့သို့သော စပယ်ယာပတ်စ်များအပါအ၀င်)

ယောက်မ (ထမင်းဖြစ်စေ၊ ဟင်းဖြစ်စေ၊ လိုရာကို လွယ်ကူစွာမွှေသုံးနိုင်ရန် စီမံထား၏)

တွယ်ချိတ် (အထူးအရောင်းရဆုံးပစ္စည်း၊ အ၀တ်အစားအသစ်တွေ ၀ယ်မ၀တ်ကြဘူး။ အဟောင်းကို အဲဒါတွေအားကိုးနဲ့ ဖာထေးသုံးတာ)

အပ်ချည်လုံး (အပေါ်ကနဲ့ သဘောတရားအတူတူ)

ကြွပ်ကြွပ်အိတ် (နိုင်ငံတော် လူကြီးမင်းများ၏ လမ်းညွှန်ချက်အရ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန် ခေတ်မှီနည်းသုံးပြီး ထုတ်လုပ်နေ)

သားရေကွင်း (မုန့်ဟင်းခါး၊ ငပိ၊ ငရုတ်မှုန့်များနှင့် အသုပ်စုံများ ပက်ကင်ထုပ်ရာတွင် မလေလွင့်စေဘဲ စနစ်တကျရှိစေရန်)

အိမ်သာသုံးစက္ကူ (လျှပ်စစ်အား အသုံးများလွန်း၍၊ ရေမတင်နိုင်သော မြို့တော်နေ ပြည်သူလူထုအတွက် သီးသန့်ထုတ်လုပ်ပေးလျက်ရှိ)
နှင့် .. အခြားသော အဆင့်မြင့် လူသုံးကုန်ပစ္စည်းများ ဆိုပါတော့။

ဆရာဝန် ပညာတွေကိုသင် ခေတ်ရောရှေးမီ သမားကျော်များပင်
လူထုကိုကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်သား
ညွှန်ကြား ညွှန်ကြား
သန်ထွားကျန်းမာကြံ့ခိုင်အားအင်
ကလေးလေးတွေ ပညာရရှိဖို့တော့ ဘမိပုံသွင် အာစရိတွေပင် ..

သမားတော်ကြီးဇီဝကလို ပုဂ္ဂိလ်တွေ ပေါများပါတယ်။ ဆေးရုံမှာ တစ်ခုခုခွဲစိပ်ဖို့အတွက် (ကန်တော့ပါ) အမွှေးလေးရိတ်ဖို့တောင် ကွမ်း ယာဆိုင်က ဘရိတ်ဓါး ပြေးဝယ်ရပါတယ်။ (A ပိုး B ပိုး ကူးကုန်မှာစိုးလို့ နေမှာပေါ့နော်၊ ကိုယ့်ဟာနဲ့ကိုယ်ဆိုတော့ ဘေးကင်းတာပေါ့)။ ကလေးလေးတွေ မနက်စောစော မထလို့ မိဘကဆူပူကြိမ်းမောင်းနေပါတယ်။ ကျောင်းမတက်ခင် ကျူရှင်အမှီ ရောက်အောင်ပါ။

သီချင်းကိုသာ Open Source လုပ်ခွင့်ရရင် ထပ်ဖြည့်ချင်တာတွေ အများကြီးဘဲ။ တံတားဖေါက်တာတွေ ဆည်ဆောက်တာတွေပေါ့။ တံတားတစ်ခုပြီးလို့ ဖွင့်ပြီးလို့ လပိုင်းလေးမှာတင် အသွားအလာများလို့ တံတားကြီးခမြာ ခါးညောင်းသွားတဲ့အတွက် အနှိပ်သည် ခေါ်နှိပ် ရလောက်အောင် ကျန်းမာရေး ချူချာတာတွေ။ (လမ်းပမ်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်တယ်။ လူတိုင်း ကားဝယ်စီးနိုင်ပြီး အားအားနေ ခရီးထွက်နိုင်ကြလွန်းတော့လည်း လမ်းတွေ၊ တံတားတွေက အပျက်အစီးရှိကုန်ကြတာပါ။)

ဌာနဆိုင်ရာတွေမှာ တခမ်းတနား ဆိုင်းဘုတ်ကြီးတွေနဲ့ " ငွေပေးရန်မလိုပါ " လို့ ရေးထားတာတွေ။ အဲဒါဟာ ဥပဒေအတိုင်းပါဘဲ။ ငွေပေးရင် ဘယ်တော့မှ ရန်မလိုတတ်တဲ့ ဦးနှောက်ရှိလူသားတွေအကြောင်းပေါ့။

အပိုဆာဒါးတွေနဲ့ မလိုအပ်ပဲ ရှည်သွားပါတယ်။ ဒါကြောင့် တော်ပါပြီ။ လူချွန်လူကောင်းတွေ တိုင်းပြည်က ထွက်မပြေးချင်ပဲ ကုပ်ကပ်ပြီး တော့ ကိုယ့်အမျိုးသားအတွက် အမှန်အကန် အလုပ်လုပ်နိုင်မဲ့အချိန်ကို တကယ်မြင်တွေ့လိုလှပါပြီ။

ဗမာလူချွန်လူကောင်းတွေ ပေါများလှပါဘိ (ကမ္ဘာအရပ်ရပ်မှာပေါ့)

ဗမာလူချွန်လူကောင်းတွေ တဖြေးဖြေးနဲ့ရှားပါးသွားပြီထင့်။ ( ဒို့တိုင်းပြည်မှာလေ …..)

.......

၂၀၀၆ ခုနှစ်က တကမ္ဘာလုံး အံ့သြရလောက်အောင် ကြီးမား တဲ့ စိန်ဘယက်ကြီးကို အခန့် သားဆွဲရင်း စင်္ကြ၀တေးမင်းမဟုတ်သော ဘယ်ကမှန်းမကျိန်းသေသည့်အနောက်တိုင်းသားတယောက်၏ မျိုးစေ့ကို လွယ်ကာ လူပုံအလည်၌ မျက်နှာထားတင်းတင်းဖြင့် နွားရွေးပွဲ ကို ဆင်နွှဲခဲ့သည့် မိကြိုင် နှင့် ငသန်းရွှေတို့၏
ရှုမငြီးသော သမီးကညာ၏ မင်္ဂလာ ပွဲ မှ စတင်ကာ ကံခေသော သူကြွယ် မိသားစု ခမျာ လုပ်ကြံခံလိုက်ရသည့်ဇာတ်လမ်းအား ပြည်ထဲရေး နှင့် တပ်မတော် အတွင်းပိုင်းမှ
ပေါက်ကြား ငြီးငြူ လာသော သတင်းစစ် သတင်းမှန်များအား အံ့ဖွယ်လိလိ ယခုကဲ့သို့ ကြားသိရပါသည်။

ထိုကမ္ဘာကျော်ကြွားပွဲကြီးတွင် သတို့သမီးဖြစ်သူ စူပုတ်မ ၀တ်ဆင်ထားသော ရတနာများသည်ကား လုပ်ကြံခံရသူ မိသားစု ထံမှ ငှားရမ်းကာ ၀တ်ဆင်ထားသောရတနာများဖြစ်ကြသည်
ကို
မိကြိုင် ၊ ငသန်းရွှေ နှင့် သူတို့ အသိုင်းအ၀ိုင်းသာလျှင်သိမည်ဟု အထင်ရှိနေသ်ာလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၊ ရဲချုပ် ခင်ရီ နှင့် တကွ တပ်မတော် အထက်ပိုင်းတခုလုံး
ကောင်းကောင်းသိရှိသည့်ကိစ္စဖြစ်သည်။ သို့သော် ယခု မြန်မာ့တပ်မတော်သည် အခြောက်များဖြင့် ဖွဲ့စည်းထားသည်နှင့်အညီ ယူနီဖောင်းဝတ် ဗိုက်ရွှဲရွှဲ အဆီပြန်ပြန် တယောက်ကို တယောက်
ကြိတ်ကြိုက် နေကြသည့် ဗိုလ်ချုပ်များ ၊ ဗိုလ် မှူးကြီးများ ၊ ဗိုလ်မှူးများ ၊ ဗိုလ်ကြီးများ စသော စသော အရာရှိများသည် ရေငုံနှုတ်ပိတ်ခေါင်းငုံ့ကာ ကြီးစဉ်ငယ်လိုက် အချစ်တော်လျှော့မှာ
ကြောက်တော်မူသည့်အခြောက်တို့၏ ထုံးစံအတိုင်း မသိယောင်ဆောင်ကာ ကွယ်ရာတွင်သာ အပါတ်စဉ်တူသူ အခြောက်ခြင်း တွတ်တီးတွတ်တာ အတင်းပြောကြ၏။


ဖြစ်ပုံမှာကား....

လုပ်ကြံသတ်ဖြတ်ခံရသည့်မိသားစုသည် ၄င်းတို့ မိသားစု ပိုင်သော ဘိုးစဉ်ဘောင်ဆက်ရတနာကို ပြန်လည်ကာ မိကြိုင်ထံမှ ဖုန်းဆက်တောင်းခံရာ နေ့ ရွှေ့ ညရွှေ့ လုပ်နေသည့် ချစ်တီးမယား
အကျင့် ကျင့်ကြံသော မိကြိုင်က စိတ်ကွက်တော်မူခြင်းဖြစ်၏။

အမှန်မှာ မင်္ဂလာဆောင်ပြီးသည်မှာကြာယုံမက မိကြိုင် ငသန်းရွှေတို့၏ မြေးတော်လေး စွပ်ပရား သန်းရွှေ ပင် လူဖြစ်ကာ အူဝဲ ဆိုကတည်းက ပထွေး က ပွေ့ ချီခိုက် ပထွေးမျက်နှာ သေးဖြင့်ပန်းပြီးလောက်ပြီပင်ဖြစ်သည်။
သို့သော် စိန်ဘယက်များ လက်ဝတ်ရတနာများကို ကား မိကြိုင်တို့ကပြန်မပေး ။ ထိုကဲ့သို့ မြန်မာပြည်တွင်း ဆက်သွယ်ပြောဆိုသော တယ်လီဖုန်း လိုင်းတိုင်းမှ အချီအချစကားများကို လက်ရှိထောက်လှမ်းရေးမှအမြဲ
ဖမ်းယူနားထောင် နေသည်ကို မေ့လျော့နေလို့တော့ဟုတ်ချင်မှဟုတ်မည်။ ထောက်လှမ်းရေး ကိုလဲ ဂရုစိုက်စရာသတ္တ၀ါတွေဟု ယူဆပုံမပေါ် ။


သို့နှင့်ပြသနာမှာတစတစကြီးမားလာကာ နောက်ဆုံးတွင် မိကြိုင် စိတ်ကွက်တော်မူကာ ၀ လူမျိုးတစ်ယောက်နှင့် ယိုးဒယားလူမျိုးလေးယောက်ပါသော ကြေးစားလူသတ်သမားအဖွဲ့ကိုငှားရမ်းကာလုပ်ကြံခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မိကြိုင် ၏ ဒေါသအိုးကို တုတ်နှင့်ထိုးသကဲ့သို့ ကိုယ့်ပစ္စည်းကိုယ်ပြန်တောင်းမိသော မိသားစုကို သတ်ရန် အတွက် ငသန်းရွှေ၏ သားကြီးက ငသန်းရွှေကိုင်ဆောင်သော ပစ္စတိုအပါအ၀င် သေနတ်အတိုများကို
ယူကာ လူသတ်သမားများ အား ငှားရမ်းခဲ့၏။ ထိုကိစ္စနှင့်ပတ်သက်၍ ရဲချုပ်ခင်ရီနှင့်တကွ ထို စူပုတ်မ၏ လင်ကောင်ဖော်ပွဲတွင် ကျော်ဆန်းစကားပြောနေသည်ကို ကြည့်ပြီး တခြား ဗိုလ်ချုပ်တယောက်ကို လက်တို့ကာ
"ဟော...ငဖား လေပေါ သချီးထူ ကျော်ဆန်း ပါးစပ်က မနားတန်း ဖြဲနေတာ ကြည့်ပါဦးဗျာ" ဟု ပြောဖူးသော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ နှစ်ယောက်လုံး သိကာ ထိုအမှုကို ဆက်လက်ကိုင်တွယ်ရန်
လက်တွန့်နေကြ၏။ သို့သော် ထိုဖြစ်ရပ်ကို ဗိုလ်ချုပ်ကြီး အေး နှင့် နိုင်ငံတကာ သံရုံးများသို့ တိုးတိုးတိတ်တိတ် သတင်းပေးပို့ခဲ့ကြကာ သူတို့ ပါဝင်ပတ်သက်မှုမရှိဟု လက်ဦးမှုရယူထားပေသည်။
ဗိုလ်ချုပ်မြင့်ဆွေ ၊ဗိုလ်ချုပ် တင်အောင်မြင့်ဦး ၊ ဗိုလ်ချုပ် ရွှေမန်းတို့ လည်း ထိုကိစ္စကို သိရှိကြသော်လည်း မိကြိုင် နှင့် ငသန်းရွှေ တို့ လုပ်သည့်ကိစ္စဖြင့်သဖြင့် ထို ရဲစွမ်းသတ္တိနှင့် အလွန်တရာ ပြည့်စုံဟန် ဟန်ရေးပြလေ့ရှိသော
ဗိုလ်ချုပ်များလည်း ထမိန်ဖြင့်အအုပ်ခံရမည်ကို ကြောက်ရွံ့လှသဖြင့် နှာစေးနေကြပေသည်။

ရဲချုပ် ခင်ရီနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ ကတော့ သတ္တိရှိ၍ ပေလော ပိုမိုအကြောက်လွန်၍ လောမသိ ထိုအမှုကို ဗိုလ်ချုပ်ကြီး အေးနှင့်တကွ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းသို့ အသိပေးလိုက်ပြီးဖြစ်ပေသည်။

a chit

လူတစ်ယောက်ကို ချစ်မိခြင်းဟာ
အဲ့ဒီလူအရှေ့မှာ
ဒူးထောက်အရှုံး ပေးလိုက်ရတာတဲ့

မင်းကငါ့ရဲ့သခင် ငါရဲ့အရှင်
ငါမင်းရဲ့အရှေ့မှာ အမြဲဒူးထောက်လျက်ပါ။
မင်းမြင်နိုင်မယ်ဆိုရင်
ငါ့အချစ်
ငါ့မေတ္တာ
ငါ့စေတနာတွေကို
မင်းတွေ့ရမှာပါ။
အရှုံးပေးတဒ်ဆိုတာထက်
ချစ်လွန်းလို့
အလျော့ပေးတာပါ....ချစ်သူရယ်။

ရယှုခြင်းဆိုတာထက်
ပေးဆပ်ရတာကို
ပိုပျော်မွေ့လို့ပါ။
မင်းခွဲသွားမဒ်ဆို
ငါမတားပါဘူး
မင်းရဲ့ဆန္ဒက
ငါ့ရဲ့ဖြစ်တည်မှုပါ။
အပြစ်တင်ဖို့ ဆိုတာထက်
ပြောင်းလဲတတ်တဲ့သဘာဝကို
နားလည်ပေးပါတယ်။

မုန်းဖို့ဆိုတာထက်
ခွင့်လွှတ်ချင်တဲ့စိတ်က
ပိုအားသာနေလို့ပါ။
ဒါတွေ
အားလုံးဟာ
ငါမင်းကို.................

အထွေထွေ ဗဟုသုတ ပြိုင်ပွဲ

မေးခွန်း***

၁။ အေးတဲ့အချိန်မှာ စကားပြောရင် ပါးစပ်က အငွေ့တွေ ထွက်ပါတယ်။ ဒါပေမယ့်
အရမ်းအေးတဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာ စကားပြောရင် ပါးစပ်က အငွေ့မထွက်တာ
ဘာကြောင့်ပါလဲ?

၂။ မီးပွိုင့်မီးတွေက အလျှားလိုက်ရှိရာက တချို့နေရာတွေမှာ
ဒေါင်လိုက်မီးပွိုင့်မီးတွေ တွေ့ရပါတယ်။ အဲလို ဒေါင်လိုက်မီးပွိုင့်မီးကို
သုံးရတဲ့အကြောင်းအရင်းက ဘာပါလဲ?

၃။ အခု ကမ္ဘာတလွှားမှာ လူကြိုက်များတဲ့ jigsaw puzzle ကစားနည်းက 1760ခုနှစ်
ပတ်ဝန်းကျင်လောက်မှာ ဥရောပမှာ စတင်ပေါ်ပေါက်ခဲ့တာပါ။ အဲဒီကာလမှာ jigsaw
puzzleကို တီထွင်သူက ရည်ရွယ်ချက်တခုအတွက် jigsaw puzzleကို
မူကြိုကျောင်းသုံးအနေနဲ့ စတင်ခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်က ဘာပါလဲ?

၎။ အမျိုးသမီးလေးတွေ ဖြစ်ချင်ကြတဲ့ လေယာဉ်မယ်က 1930ခုနှစ်လောက်မှာ
အနောက်နိုင်ငံက စတင်ခဲ့ပါတယ်။ အဲဒီအချိန်က လေယာဉ်မယ်ဖြစ်ဖို့အတွက်
အရည်အချင်းတွေက (၁) အသက် ၂၅နှစ်အောက်လူလွတ်ဖြစ်ရပါမယ်။ (၂) ကိုယ်အလေးချိန်
၅၂ကီလိုအောက် ရှိရပါမယ်။ (၃) အရပ်အမြင့် ၁၆၀စင်တီမီတာအထက် ရှိရမယ့်အပြင်
နောက်အရေးကြီးတဲ့ တစ်ချက်ကျန်ပါတယ်။ အဲဒါဘာပါလဲ? (ခုနောက်ပိုင်းတော့
အဲဒီကန့်သတ်မှုမရှိတော့ပါဘူး။)

၅။ လူသားတွေရဲ့ ဆံပင်က အဖိုးတန်ပစ္စည်းတစ်မျိုးထွက်ပါ
တယ်။ အဲဒါဘာပါလဲ?

၆။ pet bottle ဆိုတဲ့ (ရေသန့်ပုလင်းလိုမျိုး) ပလတ်စတစ်ပုလင်းရဲ့
ပုလင်းအဖုံးတွေမှာ အဖုံးဖွင့်ပြီးရင် ပုလင်းလည်ပင်းအခြေမှာ ကော်အကွင်းက
ကျန်ခဲ့ပါတယ်။ အဲဒီကော်အကွင်းထားရခြင်းရဲ့ အကြောင်းက ဘာပါလဲ?

၇။ pet bottle နဲ့ ပတ်သက်တဲ့ နောက်မေးခွန်းတစ်ခုပါ။ pet bottle တွေရဲ့
ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းတွေ ရှိပါတယ်။
ဘာကြောင့်ပါလဲ?

၈။ ရေခဲခြစ်ဗူး (ဒီမှာ မြန်မာပြည်မှာလို ရေခဲခြစ်ရတယ်။ ရေခဲကိုခြစ်၊
အချိုရည်ဆမ်းပြီးသား ready madeဗူး) မှာ တခြားဗူးတွေနဲ့မတူတာက
ပလတ်စတစ်ဗူးဘေးပတ်ချာလည်မှာ အတွန့်လေးတွေပါနေတာပါ။ ဘာကြောင့်
အတွန့်တွေထည့်ထားရတာပါလဲ?

၉။ ဂျပန်နိုင်ငံရဲ့ ကျွန်းပိစိကွေးတွေက ရွာတွေတိုင်းမှာ မီးပွိုင့်တစ်ခု
အမြဲရှိပါတယ်။ ဒီလိုကျွန်းရွာမျိုး ဂျပန်မှာ ၅၀ကျော် ရှိပါတယ်။ ဒီလို
ခေါင်ဖျားတဲ့ ကျွန်းရွာတွေမှာ ယာဉ်သွားယာဉ်လာ သိပ်မရှိပါဘဲ
မီးပွိုင့်တစ်ခုရှိတာ ဘာကြောင့်ပါလဲ?

၁၀။ မမတွေ ညီမတွေ ပဲများပြီးစီးကြတဲ့ pencil heel လို ဒေါက်မြင့်ဖိနပ်တွေ
ပေါ်လာရခြင်း အကြောင်းက ဘာပါလဲ?

အဖြေ***

၁။ အေးတဲ့အချိန်မှာ စကားပြောရင်ပါးစပ်က အငွေ့ထွက်တာမြင်ရတာက ကိုယ့်ခံတွင်းက
ထွက်လာတဲ့လေပူနဲ့ အေးမြတဲ့ ပတ်ဝန်းကျင်လေထုထဲမှာလွင့်နေတဲ့
ဖုန်အမှုန်တွေနဲ့ရောသွားတာကြောင့်ပါ။ မြောက်ဝင်ရိုးစွန်းဒေသက လေထုက
သန့်စင်တာကြောင့် အမှုန်တွေရှိမနေပါဘူး။ ဒါကြောင့် မြောက်ဝင်ရိုးစွန်းမှာ
စကားပြောရင် ပါးစပ်က အငွေ့မမြင်ရတာပါ။

၂။ ဒေါင်လိုက်မီးပွိုင့်မီးတွေကို နှင်းကျတဲ့နေရာတွေမှာ အသုံးများပါတယ်။
အလျှားလိုက်မီးပွိုင့်က နှင်းအရမ်းကျရင် နီ၊ဝါ၊စိမ်း မီးအားလုံး
နှင်းဖတ်တွေနဲ့ဖုံးကုန်လို့ အချက်ပြမီး ဘာအရောင်ဆိုတာ မမြင်ရတော့ပါဘူး။
ဒေါင်လိုက်မီးပွိုင့်မီးက နှင်းကျရင်တောင် အပေါ်ဆုံး မီးအနီရဲ့
ခေါင်မိုးပေါ်မှာသာ အများဆုံးဖုံးတာမို့ မီးတွေကို ကောင်းကောင်းမြင်နိုင်ပါတယ်။
ဒါကြောင့် နှင်းကျတဲ့ဒေသမှာ ယာဉ်တိုက်မှုက ကာကွယ်ဖို့အတွက်
ဒေါင်လိုက်မီးပွိုင့်မီးတွေကို သုံးပါတယ်။

၃။ jigsaw puzzle တီထွင်တဲ့ရည်ရွယ်ချက်က ကလေးတွေကို ကိုယ့်တိုင်းပြည်ရဲ့
ပုံသဏ္ဍာန်နဲ့ နယ်နိမိတ်ကို သိစေဖို့ပါ။ ဒီအတိုင်းသင်တာထက် ပုံတွေနဲ့
ဉာဏ်စမ်းလုပ်ပြီးသင်တော့ ကလေးတွေ စိတ်ဝင်စားမှုပိုရလို့ပါ။ နောက်ပိုင်း
လူကြိုက်များလာပြီး ပြင်ပအထိ ကျယ်ပြန့်သွားခဲ့တာပါ။

၎။ အဲဒီခေတ်က လေယာဉ်နဲ့ခရီးသွားသူတွေ လေထုဖိအား အပြောင်းအလဲကြောင့်
နေထိုင်မကောင်းဖြစ်ရင် ပြုစုဖို့အတွက် လေယာဉ်မယ်တွေကို မေးခွန်းပါ
အချက်(၃)ချက်အပြင် အဓိကအနေနဲ့ သူနာပြုဖြစ်မယ်ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့ပါတယ်။

၅။ လူသားတွေရဲ့ ဆံပင်မှာ စိန်မှာအဓိကပါဝင်တဲ့ ပါဝင်ပစ္စည်းတွေ အများကြီးပါပါတယ်။
ဆံပင်ကို တခြား chemical တွေနဲ့ ရောပြီး ဓာတ်ပြုလိုက်ရင် ဆံပင် တစ်ဂရမ်ကို
စိန်တစ်ကာရက် ရပါတယ်။ ဒါပေမယ့် ဓာတ်ပြုမှု အဆင့်ဆင့် ပြုလုပ်ရတာကြောင့်ရယ်
အချိန်ကြာတာကြောင့်ရယ် လက်ရှိမှာတော့ တွင်တွင်ကျယ်ကျယ် မပြုလုပ်ကြပါဘူး။
(လွယ်များလွယ်လွယ် လုပ်လို့ရရင်ဖြင့် မတွေးရဲစရာ။)

၆။ pet bottle ဆိုတဲ့ ပလတ်စတစ်ပုလင်းရဲ့ ပုလင်းအဖုံးတွေမှာ အဖုံးဖွင့်ပြီးရင်
ပုလင်းလည်ပင်းအခြေမှာ ကော်အကွင်းကျန်အောင်လုပ်ထားတာက တကယ်လို့ ပုလင်းကို
ဖွင့်ထားပြီးသားဆိုရင် ဖွင့်ပြီးကြောင်း သိစေရန်ပါ။ ဒီအတိုင်းဆို
ဖွင့်ထားမှန်း၊ အသစ်မှန်း မသိနိုင်တဲ့အတွက် စားသုံးသူတွေ
အနောက်အပြောင်ခံရခြင်းမှ (အတွင်းက ပစ္စည်းကို ခိုးသုံးထားခြင်းမှ)
ကာကွယ်ရန်အတွက်ပါ။

၇။ ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းရှိတဲ့ pet
bottle နဲ့ မရှိတဲ့ pet bottle ကို စမ်းသပ်ပြပါတယ်။ pepsi cola လို
ဂတ်စ်တွေပါတဲ့ ပုလင်းကိုဖွင့်ရင် ဒေါင်လိုက်လိုင်းရှိတဲ့ pet bottleက
ဖွင့်နေရင်းနဲ့ လိုင်းကြားကနေ ဂတ်စ်က ဖြည်းဖြည်းချင်းစိမ့်ထွက်လို့
ပုလင်းဖွင့်ပြီးသွားရင် အမြှုပ်တွေ တအားမှောက်မကျပါဘူး။
ဒေါင်လိုက်လိုင်းမရှိတဲ့ pet bottleက ပုလင်းအဖုံးအားလုံးဖွင့်ပြီးမှ အထဲက
ဂတ်စ်က အရှိန်နဲ့ကန်ထွက်လို့ အမြှုပ်တွေ အများကြီး မှောက်ကျပါတယ်။ ဒါကြောင့်
ပုလင်းအတွင်း ဖိအားများနေရင် ဖွင့်နေရင်းအရှိန်နဲ့ ကန်မထွက်အောင်၊ ဖိအားကို
စိမ့်ထွက်စေခြင်းဖြင့် ဖြည်းဖြည်းခြင်းလျှော့ချရန်အတွက်
ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းထည့်တာပါ။

၈။ ရေခဲခြစ်စားရင် စားမကုန်ခင် ဘေးပတ်ချာလည်က တဖြည်းဖြည်း အရည်ပျော်လာပါတယ်။
ဗြောင်ဘူးကိုသုံးရင် အလယ်က ရေခဲခြစ်က ခပ်တိုင်းချာချာလည်နေလို့ ခပ်ရခက်ပါတယ်။
ဘေးပတ်ချာလည်မှာ အတွန့်တွေပါရင် အတွန့်တွေကြား ရေခဲခြစ်က ထစ်ပြီး ဗြောင်ဗူးလို
သိပ်မလည်တဲ့အတွက်ကြောင့်ပါ။

၉။ ယာဉ်သွားယာဉ်လာ သိပ်မရှိတဲ့ ခေါင်ဖျားဖျားရွာတွေမှာ
မီးပွိုင့်တစ်ခုရှိရခြင်းက ကလေးသူငယ်တွေ ငယ်ငယ်ကတည်းက မီးပွိုင့်ဆိုတာ
ရင်းနှီးအောင်ပါ။ တော်ကြာ မီးပွိုင့်ကိုမမြင်ဖူးတော့
ယာဉ်စည်းကမ်းလမ်းစည်းကမ်းနားမလည်ဘဲ မြို့ပေါ်ရောက်လာရင် ဒုက္ခတွေ့မှာစိုးလို့ပါ။
(ဒေါ်ဂွက်ထော်နဲ့ ကလေးနှစ်ယောက် မြို့ရောက်သလို)

၁၀။ ဥရောပလိုနိုင်ငံ (နိုင်ငံအသေချာမမှတ်မိပါ)မှာ ဟိုးအရင်က ခွေးလေခွေးလွင့်တွေ
အရမ်းများပါတယ်။ လမ်းပေါ်မှာ ခွေးအီအီးတွေ သိပ်ပေါပါတယ်။ လမ်းက
ချိုင့်ခွက်တွေနဲ့ ရေအိုင်တွေလည်း များတယ်။ အဲဒီခေတ်က ကြိမ်ခွေနဲ့
ဂါဝန်ဖားဖားကြီးတွေ ဝတ်ကြတာဆိုတော့ လမ်းသွားလို့ ရေအိုင်ရှောင်ရင်း
ခွေးအီအီးတွေ ဂါဝန်အဖျားမှာ ပေကုန်တယ်။ ချေဖျားထောက်သွားရင် လွတ်တာမို့
ဖိနပ်ကို မြင့်သထက်မြင့်အောင် တီထွင်ကြရင်း pencil heelလို ဒေါက်မြင့်ဖိနပ်တွေ
ပေါ်လာတာပါ။

လယ်သမားနှင့် ဂြိုလ်သား

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမှုအရာတွေနဲ့ စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ
လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက
ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို "ရှင်မရေ.. ဒီနေ့လယ်ထဲမှာ
လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က
ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့
ပြောလိုက်တယ်။ သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။
သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့
ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်"

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး " ကြောက်စရာကောင်းတဲ့
လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့
သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက
လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့
ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး
လစ်တော့တာပဲ"
-

My Deam Wife