Tuesday, March 11, 2008

Homosexual Kingdom

လူတကာနီးပါး သိပြီး သိသမျှလူက အသိမခံတဲ့ ကိစ္စကို တွင်တွင်ကျယ်ကျယ် ပွင့်ပွင့်လင်းလင်း ရေးသားခဲ့တဲ့ ဝေယံ့ blog မှာ အခုတစ်ခါ ဖွင့်ပြမယ့် အရှုပ်ထုပ်ကတော့ ယောက်ျားလေး အချင်းချင်းကြားက မေတ္တာရေးပဲ ဖြစ်ပါတယ်။
boy 1. ဟာ ကိုကြီးရာ ကျွန်တော်တို့ ညီအစ်ကိုအချင်းချင်းဆို ညတိုင်းဒီလို ကစားနေကြပဲ။ ဒီ့ပြင် ညီအစ်ကိုတွေဆိုလည်း ဒီလိုပဲ။
ကိုကြီး - ဟင် ဟုတ်လား ? ငါကတော့ ညီအစ်ကို မရှိလို့ အဲဒီကိစ္စတွေမသိဘူး။ အခု မင်းနဲ့ဖြစ်တာ ပထမဆုံးပဲ၊
boy1 - ဒါပေမယ့် အခု ကိုကြီးနဲ့ ဖြစ်သလိုထိတော့ မဖြစ်ဖူးဘူး။ ညီလေးက ကိုကြီးကို ကိုယ့်အစ်ကိုအရင်းတစ်ယောက်လို ချစ်တာ။
====================================================================
boy2. ဟဲ့ အဲဒီအကောင်ပေါ့ ဟိုမှာ ဆိုင်ကယ်နောက်မှာ စော်ကိုတင်သွားတဲ့ ကောင်ကိုပြောတာ။
boy3. အဲတာ ဘာဖြစ်လို့လဲ?
boy2. သူက အဆောင်နေတာလေ။
boy3. အင်းလေ ဘာဆန်းလို့လဲ?
boy2. အခြောက်မ။ အပုန်းမ။
boy3. အင် ! ဖြစ်နိုင်ပါ့မလား သူ့စော်နဲ့?
boy2. ဟဲ့ နင်တို့ငါတို့ကသာ အဆောင်မနေဘဲ အိမ်ကနေ ကျော်ကောင်းတော်ကက်လို့ လင်မရတာ။ အဆောင်မှာသာ နေမယ်ဆိုရင် homo လောကကြီးက ဒီလိုတွေ ၀က်ဝက်ကွဲရှိသောနော်။ သူတို့ အချင်းချင်း လုပ်ကြ ခံကြနဲ့။ တင်းကြမ်းတင်းကြမ်း။ အဆောင်မှာ ယောက်ျား ၁၀ ယောက် ရှိရင် ကိုးယောက်ခွဲလောက် က တော့ ယောက်ျားချင်း ဖြစ်ကြတာပဲ။ ပြီးတော့မှ လူတွေ မရိပ်မိအောင် သူတို့က စော်တွေထားကြတာ။ နေ့ခင်းတစ်နေကုန် စော်နဲ့ပလူး။ ညကျတော့ စော်ကို သတိရ စိတ်တွေကကြွ။ ဟော ... ပြီးတော့ သူတို့အချင်းချင်းလုပ်ကြခံကြ။ ပွဲတော်ကြီးပါအေ။

===========================================================

boy4. ဟဲ့ဝေယံ ငါ့ကို တစ်ခု ကူညီဦး။ တစ်ယောက်လောက် ရှာပေးပါဦး။ တကယ်ပြောတာ နောက်နေတာမဟုတ်ဘူး ။ လုံးဝ bottom ကို ရှာပေးနော်။ သေးသေးကွေးကွေး ပုပုလေး ချစ်စရာလေးကို ရှာပေး။ ငါလည်းတွဲချင်တယ်။ စမ်းကြည့်ချင်တယ်။
ဝေယံ - မင်းကလည်းထားမဲ့ထား မိန်းကလေးရည်းစားထားတာမဟုတ်ဘူး။ ယောက်ျားချင်းများ။
boy4. ဟ မင်းဘာသိလို့တုန်း။ စော်ထားရင် ဖြတ်ရတာ မလွယ်ဘူးဟ။ ဘာမှလည်း လုပ်လို့ရတာ မဟုတ်ဘူး။ စင်တင်က စော်တွေနဲ့လည်းမတွဲချင်ဘူး။ အတည်ယူဖို့ဆိုရင်လည်း စိတ်ကြိုက်မတွေ့သေးဘူး။ ယောက်ျားလေး အချင်းချင်းက သိပ်ပြသ၁နာမဟုတ်ဘူး။ လူမြင်ကွင်းမှာ သူငယ်ချင်းပေါ့။ လူကွယ်ရာမှာ...
========================================

1 comment:

Lwin Oo said...

ကိုယ်တို့ လည်း အဆောင်ကိုနှစ်နဲ့ ချီနေပြီးကျောင်းတက်ခဲ့ရတာပါ ... 2nd year
တက်တုန်းက အဆောင်မှာ လူ11ယောက် ရှိပါတယ် ... အရမ်းညီညွတ်တာ ..ပျော်ဖို့ ကောင်းပါတယ် ... အဲဒီလို ကိတ်စတွေတော့ မရှိခဲ့ကြရိုးအမှန်ပါ ...မိုးလင်းရင် ''ဘောပဲ ...'' လို့  နှုတ်ဆက်ကြတဲ့ အသံတွေတော့ရှိတယ် .ညစ်ညမ်းတယ်လို့ ယူဆရတဲ့ စကားလုံးတွေနဲ့ နောက်ပြောင်ကြတယ် .။ခုတော့လေ ..... ဟန်လုပ်ယဉ်ကျေးနေကြတဲ့ အသိုင်းဝန်းကိုရောက်တော့ ဒင်းတို့ ကို လွမ်းတယ် ...။ အခုခေတ်တော့ မသိပါ ..၊ပွင့်လင်းကုန်ကြပြီထင်ရဲ့  ... ဒါဟာ ထင်မြင်ချက်တွေပေးဖို့ ခက်တဲ့ အရာပါ ... ၊ မွတ်သိပ်မှုတစ်ခုကို ထွက်ပေါက်ပေးတာဆိုရင် နည်းစနစ်ကျတဲ့ 
ကာကွယ်မှုလေး တော့ ရှိသင့်တယ်ထင်တာပဲလေ ...၊လူတိုင်းဟာ အပြစ်နဲ့ မကင်းလေတော့ သူတပါးကို လက်ညှိုးထိုးဖို့ ကိုယ့်မှာလည်း အပြစ်များစွာနဲ့ရယ် ... အဓိက ..သူတပါးအပေါ် မယုတ်မာ ဖို့ နဲ့ စိတ်ကောင်းထားတတ်ဖို့ ပါပဲ ..စိတ်ထားတတ်ရင် မြတ်ပါ သတဲ့လေ ..Thank you for your blog ...May God bless you forever ...