Sunday, May 11, 2008

ကို..........

ကို ပစ်ချလွှင့်ပစ်ပြီး လှည့်မကြည့်ခဲ့တဲ့ ဘ၀ တစ်ခုမှာ အသားကျနေထိုင်မှုနဲ့ လွမ်းစိတ်ကို ကြိတ်မှိတ်မျိုသိပ်ပြီး အပူရုပ်ကို ဟန်လုပ်ခဲ့ရတာလည်း ၇ လ ရှိပြီနော်...။ နွေလေရူးက သယ်သွားတဲ့ ညီ့ရဲ့ အတွေးထဲမှာလည်း အဟောင်းတွေက အသစ်အသစ်တွေ ဖြစ်လာတယ်ကို.... ညီ့ဘ၀မှာ ရှေ့ဆောင်လမ်းပြ မီးရှူးတန်ဆောင် ဖြစ်တဲ့ ခေါင်းဆောင်ဆိုရင်လည်းဟုတ် လက်တွဲဖော်ဆိုရင်လည်း ဟုတ်တဲ့ ကျေးဇူးရှင် ကို့ကို ပြစ်မှားမိခဲ့တဲ့ ညီအပြစ်တွေအတွက်လည်း ယူကြုံးမရ နောင်တရမိပါတယ် ကိုရယ်.... ဘယ်ခရီးကို ဘယ်ထီး နဲ့သွားရမယ် ဘယ်လမ်းမှာ ဘယ်ပန်းပန်ရမယ် ဆိုတာတွေ သွန်သင်ပေးခဲ့တဲ့ ကို့ရဲ့ ဆုံးမစကားတွေ..ညီ တစ်ခုခု အပြစ်ပြုမိတိုင်း ဆူငေါက်တတ်တဲ့ ကို့ရဲ့ ကရုဏာဒေါသတွေ အမြဲ ပြုံးနေတတ်တဲ့ ကို့ရဲ့ အပြစ်ကင်းတဲ့ မျက်နှာ ...အဲတာတွေကို ညီ စက္ကန့် မလပ် သတိရနေပါတယ်... ကို ညီ့ကို ပစ်သွားခဲ့တဲ့ ရက်ရဲ့ နောက်တစ်ရက်မှာ ညီ အသည်းအသန်ဖျားခဲ့တယ်... သတိလစ်နေတဲ့ ညီ့ရဲ့ ပါးစပ်က ကယောင်ကတမ်း တမ်းတမိခဲ့တဲ့ အသံကတော့ ကို့ရဲ့ နာမည်ပါပဲ။... ညီ စိတ်ကို တင်းခဲ့ပါတယ်.... လွမ်းစရာရှိတာကို နာစရာနဲ့ ဖြေမယ်ဆိုပြီး ကို ဆိုးပေးခဲ့တဲ့ ဆံပင် အရောင်ကို ညီ ပြောင်းခဲ့တယ်... ဒါပေမယ့် ဒါဟာ စိတ်ကို လှည့်စားတာ။ ညီ့စိတ်ကို ညီ ညာနေခဲ့တာပါ... မနက်မိုးလင်းလို့ မှန်ကြည့်လိုက်တိုင်း ...ကို ကိုက်ခဲ့တဲ့ ညီ့ နှုတ်ခမ်တွေကို စမ်းမိတိုင်း ညီ မျက်ရည်ကျမိခဲ့တယ်... အသည်းကွဲတဲ့ ရောဂါကို ကုစားပေးနိုင်တဲ့ အကောင်းဆုံးသမားတော်ဟာ `အချိန်´ တဲ့....ညီ့အတွက်တော့ `နေမြင့်လေ အရူးရင့်လေ´ ပါပဲ။ ကိုရယ်....ညီ အနူး အညွတ် တောင်းပန်ပါတယ်. .. ညီ့ ရဲ့ ဘ၀ထဲကို ပြန်ဝင်လာခဲ့ပါတော့နော်......
ကိုနဲ့ ညီ့ရဲ့ ကြားမှာ အဓိက လိုအပ်နေတဲ့ အရာက..`နားလည်မှု´ပဲ။ ဟုတ်တယ်။ ကို့အပေါ်မှာ နားလည်မှု အပြည့်အ၀ ပေးနိုင်မယ့် လူ...လိုက်ရှာရအောင် ...သူဘယ်သူလဲ....ဘယ်သူဖြစ်မလဲ....`ညီ´ပဲပေါ့။ အရာရာကို ကို့စိတ်တိုင်းကျ ဖြစ်ဖို့ပဲ ညီလိုလားတယ်။ ကို စိတ်ကျေနပ်သလိုသာ လုပ်ပါ။ ညီနားလည်ပါ့မယ်။ ကို ညီ့ဆီကို ပြန်လာသည် ဖြစ်စေ ... ပြန်မလာတော့ ဘူးဖြစ်စေ... ကို တစ်ခုကိုတော့ သိပေးပါ။ အဲတာကတော့ ညီ့ရင်ထဲမှာ `ကို´ အမြဲတမ်း ရှိနေမယ် ဆိုတာကိုပေါ့......

1 comment:

GHOSTBELL said...

i can understand ur feeling fri!
good luck