Tuesday, July 8, 2008

planet forum မှ

အခြောက်မည်သည်ကား အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသသူဖြစ်၍ အခြောက်မည်လေ၏။ (ဗရုဿုက္ခဘွဲ့ခံ ဆြာကြီးဦးရွှေမွန် ရေးသားစီရင်အပ်သော ပေါက်တတ်ကရဝေါဟာရကျမ်း)

အင်္ဂါခြောက်ပါးမည်သည်ကား..

(၁) နွဲ့ခြင်းလည်းတစ်ရပ်

(၂) ယောက်ျားချင်း နှစ်သက်သည်လည်းတစ်ရပ်

(၃) အလှအပကြိုက်သည်လည်းတစ်ရပ်

(၄) မိန်းမများကို လင်လုဖက်ဟု သဘောထားသည်လည်းတစ်ရပ်

(၅) အားငယ်တတ်သည်လည်းတစ်ရပ်

(၆) ခိုး၍စားတတ်သည်လည်းတစ်ရပ်..

ဤခြောက်ရပ်တို့တည်း။ ဤခြောက်ပါးသော အင်္ဂါတို့အနက် လိုရင်းပဓာနကား ဒုတိယအင်္ဂါနှင့် ဆဋ္ဌမအင်္ဂါတို့တည်း။ ဤအရာ၌ အချို့သော အခြောက်တို့သည် အလှအပ မကြိုက်ကြကုန်။ အချို့မူကား မိန်းမတို့နှင့် သင့်တင့်အောင် ပေါင်းသင်းဆက်ဆံလျက် ယောက်မတော်ရလေအောင် အားထုတ်ကြိုးပမ်းလေ့ ရှိကြကုန်၏။ အချို့မူကား ဒေါသကြီးကြကုန်၏။ မိမိထက် အားခွန်ဗလ သန်စွမ်းသည့် ယောက်ျားများကိုပင် မကြောက်မရွံ့ ယှဉ်ပြိုင်တိုက်ခိုက်ဝံ့ကြကုန်၏။ သို့ဖြစ်ရကား အခြောက်ဟူသမျှတို့ နွဲ့မည်၊ အားငယ်တတ်မည်ဟု မယူအပ်။ နေရာတိုင်းမှာပင် ခြွင်းချက်တို့ များစွာရှိကုန်၏။

အချို့သော အခြောက်တို့သည် ပထ၀ီဓာတ် လွန်ကဲသည်ဖြစ်၍ မာကျောခက်ထန်ခြင်းသဘော ရှိကြကုန်၏။ အချို့သော အခြောက်တို့ကား အာပေါဓာတ် လွန်ကဲသည်ဖြစ်၍ စေးထန်းချွဲပစ်သောသဘော ရှိကြကုန်၏။ အချို့သော အခြောက်တို့မူ ၀ါယောဓာတ် လွန်ကဲသည်ဖြစ်၍ အလွန်တရာ စကားများခြင်းသဘော ရှိကြကုန်၏။ အချို့အခြောက်တို့မှာမူ တေဇောဓာတ် အထူးလွန်ကဲသည်ဖြစ်၍ ပူပန်စိုးရိမ်မှု များခြင်းသဘော ရှိကြကုန်၏။

ဤအရာ၌ ထိုထိုအခြင်းအရာတို့ဖြင့် အခြောက်မျိုးစား ကွဲပြားပုံတို့ကို အဘယ်ကိုထောက်၍ သိအပ်သနည်းဟုမူ အဘိဓမ္မာဓာတ်ကျမ်းများကို မှီ၍သိအပ်ကုန်၏။ အကြင်အခြောက်တို့သည် ထိုထိုဓာတ်သဘာဝတို့ ကဲလွန်ကုန်၏၊ ထိုအခြောက်တို့သည် ၎င်းတို့အားပြုရာ ဓာတ်တို့၏သဘောအတိုင်းသာ ဖြစ်ကြကုန်၏။

အချို့အခြောက်တို့ကား နှစ်လုံးတစ်စုံတို့ ပါရှိကြကုန်၏။ ထိုသူတို့ကို ဥပါမျိုးဟု သတ်မှတ်ရကုန်၏။ အချို့သော အခြောက်တို့ကား ဥဟူ၍ အလျှဉ်းမပါရှိကြကုန်။ ထိုသူတို့ကိုကား ဥပျောက်မျိုးဟု သတ်မှတ်ရကုန်၏။ အချို့မူကား တစ်လုံးသာလျှင် ပါရှိကြကုန်၏။ ထိုသူတို့ကိုကား ဥတစ်ခြမ်းမျိုးဟု သတ်မှတ်ရကုန်၏။ ဤသို့လျှင် ပုရိသဘောကို ကြည့်၍လည်း အခြောက်တို့ကို ခွဲခြားမှတ်သားအပ်ကုန်၏။

(ဆြာကြီးဦးရွှေမွန် ရေးသားစီရင်အပ်သော ပြည်ကြီးဥပြောင်ကျမ်း)heeheehee

No comments: