Friday, October 3, 2008

a chit

လူတစ်ယောက်ကို ချစ်မိခြင်းဟာ
အဲ့ဒီလူအရှေ့မှာ
ဒူးထောက်အရှုံး ပေးလိုက်ရတာတဲ့

မင်းကငါ့ရဲ့သခင် ငါရဲ့အရှင်
ငါမင်းရဲ့အရှေ့မှာ အမြဲဒူးထောက်လျက်ပါ။
မင်းမြင်နိုင်မယ်ဆိုရင်
ငါ့အချစ်
ငါ့မေတ္တာ
ငါ့စေတနာတွေကို
မင်းတွေ့ရမှာပါ။
အရှုံးပေးတဒ်ဆိုတာထက်
ချစ်လွန်းလို့
အလျော့ပေးတာပါ....ချစ်သူရယ်။

ရယှုခြင်းဆိုတာထက်
ပေးဆပ်ရတာကို
ပိုပျော်မွေ့လို့ပါ။
မင်းခွဲသွားမဒ်ဆို
ငါမတားပါဘူး
မင်းရဲ့ဆန္ဒက
ငါ့ရဲ့ဖြစ်တည်မှုပါ။
အပြစ်တင်ဖို့ ဆိုတာထက်
ပြောင်းလဲတတ်တဲ့သဘာဝကို
နားလည်ပေးပါတယ်။

မုန်းဖို့ဆိုတာထက်
ခွင့်လွှတ်ချင်တဲ့စိတ်က
ပိုအားသာနေလို့ပါ။
ဒါတွေ
အားလုံးဟာ
ငါမင်းကို.................

No comments: